Connect with us

Social, Education & Health

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့(၁၆)ခုတွင် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ပြီးစီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

(၅)နှစ်ကျော်ကြာ လမ်းဖောက်လုပ်မှုများအပြီးတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့်ကျန်းခရိုင်မှ လျင်းချန်းမြို့သို့ ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီလ ၁၃ ရက်က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းမကြီး ဖွင့်လှစ်နိုင်မှုသည် ယင်းပြည်နယ်အတွင်းရှိ ပြည်နယ်ခွဲနှင့်မြို့(၁၆)ခုတွင် အဝေးပြေးလမ်းမဖွင့်လှစ်သွားလာနိုင်ခြင်း၏ အမှတ်သင်္ကေတဖြစ်ကြောင်း ယူနန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင်စတင် ဖောက်လုပ်ခဲ့သည့် မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးသည် G56 ဟန်ရွှေ(ဟန်ကျိုး-ရွှေလီ)အဝေးပြေးလမ်းမကြီး၏ အဓိက ချိတ်ဆက်လမ်းပိုင်းတစ်ခုဖြစ်ရာ ယူနန်ပြည်နယ် ဖူအယ်မြို့ မော့်ကျန်းခရိုင်မှစ၍ လျင်းချန်းမြို့ လျင်းရှန်ဒေသတွင် အဆုံးသတ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းမကြီးကို ယာဉ်ကြောလမ်းလေးခုစီပါရှိသည့် နှစ်လမ်းသွား အဝေးပြေးလမ်းမကြီး၏ စံချိန်စံညွှန်အတိုင်းတည်ဆောက်ထားပြီး စုစုပေါင်းလမ်း၏အရှည်မှာ (၂၃၆)ကီလိုမီတာခန့် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မော့်လျင်း(မော့်ကျန်း-လျင်းချန်း)အဝေးပြေးလမ်းမကြီးအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လျင်းချန်းသည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ ၂၀၁၉ ခုနှစ်က လျင်းချန်းမြို့ကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုအားနည်းသောဒေသတွင် ဖွံ့ဖြိုးရေးအားသစ်လောင်းပေးရန်ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်စံပြနေရာအဖြစ် စတင်တည်ဆောက်ခဲ့ရာ အခြေခံအဆောက်အဦမြှင့်တင်ဆောင်ရွက်ခြင်း စသည့် အဓိကကဏ္ဍ(၅)ခုကို အားထားလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မော့်လျင်း အဝေးပြေးလမ်းမ တည်ဆောက်ဖွင့်လှစ်ပြီးနောက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း၏ အဝေးပြေးလမ်းမပတ်လည်ဝိုင်းပြီဖြစ်ရာ ကူမင်းမှ လျင်းချန်းသို့သွားရောက်မည့်ခရီးစဉ်သည် (၁၄၀)ကီလိုမီတာကျော် လျော့နည်းသွားခြင်းကြောင့် လျင်းချန်းမြို့အား “ကူမင်း ၄ နာရီ စီးပွားရေးစက်ဝိုင်း”တွင် ချိတ်ဆက် ပါဝင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ယူနန်ပြည်နယ်သည် ခရိုင်ဒေသ အဝေးပြေးလမ်းမ အလုံးစုံ ဖောက်လုပ်သွားလာနိုင်ရန် ၊ အပြန်အလှန်ချိတ်ဆက်နိုင်ရန် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဘက်စုံ တွန်းအားပေး၍ အခြေခံအဆောက်အဦ အားနည်းချက်ကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ယူနန်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးသည် (၉,၀၀၀) ကီလိုမီတာကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————

(Chinese Version)
(经济)云南省16个州市全部通高速公路
2021-01-13 13:57:20

新华社昆明1月13日电(记者丁怡全、严勇)经过5年多的建设,云南省墨江县至临沧市高速公路13日建成试通车。记者从云南省交通运输厅了解到,该条高速公路通车标志着全省16个州市全部通高速公路。
据了解,2015年12月开工建设的墨临高速公路是G56杭瑞高速公路联络线的重要组成部分,起于普洱市墨江县,止于临沧市临翔区,全线采用双向四车道高速公路标准建设,长约236公里。
临沧地处云南省西南部。2019年,临沧市以边疆多民族欠发达地区创新驱动发展为主题,启动国家可持续发展议程创新示范区建设,实施基础设施提速等五大重点行动。墨临高速建成通车后,滇西南将形成高速环线,昆明到临沧的公路里程缩短140多公里,对促进临沧融入“昆明4小时经济圈”具有重要意义。

图说:
 这是1月13日拍摄的云南省墨临高速公路昔归立交桥(无人机照片)。
  经过5年多的建设,云南省墨江县至临沧市高速公路13日建成试通车。记者从云南省交通运输厅了解到,该条高速公路通车标志着全省16个州市全部通高速公路。
  新华社记者 王冠森 摄