ဟန်ကျိုး၊စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မက္ကဆီကိုနိုင်ငံသမ္မတ အန်းရစ်ပီနာနီအက်တို (Enrique Pena Nieto) နှင့် စက်တင်ဘာလ လ ၄ ရက်ကတွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် လက်တွဲဖက်များအဖြစ် ပိုမိုခိုင်မာစွာ ရပ်တည်သွားရန် သဘောတူခဲ့ကြသည်။
တီဟီရန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးသည့် ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်များအား ပြန်လည်ရှင်သန်လာအောင်လုပ်ဆောင်ပေးနိုင်မည့် တရုတ်နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ခံပါကြောင်း အီရန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး အတွက် လိုအပ်သောအကူအညီများကို တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဗုဒ္ဓ အသင်း ပေကျင်းမြို့ လင်ကွမ်း ကျောင်းတိုက် ဆရာတော်၏ ဖိတ်ကြားချက်အရ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့သြဂုတ်...
ပေကျင်း၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေစဉ်အတွင်း ပေကျင်းမြို့၌ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ၎င်းတို့အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။
နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နည်းပါးနေပြီဖြစ်သော ရေအရင်းအမြစ် ၏ အရည်အသွေးအား မြှင့်တင်ရန်ရည်ရွယ်သော စီမံကိန်း ၄,၈၀၀ ခန့်အတွက် တရုတ်ယွမ် ၄၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄.၆ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက သြဂုတ် ၇ ရက်တွင် ကြေညာခဲ့သည်။
ရှီးချန်း၊ စီချွမ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် မိုဘိုင်း ဆက်သွယ်ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုအား သြဂုတ်လ ၆ ရက် နံနက် အစောပိုင်း က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ရေတပ်တို့ ပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုအား တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာလ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ Yang Yujun က ဇူလိုင်လ ၂၈ တွင်...
ကွမ်ကျိုး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ကုန်နှင့် ရေ နှစ်မျိုးလုံးတွင် သွားလာမောင်းနှင်နိုင်သော ထုထည်ကြီးမားသည့် လေယာဉ် တစ်စင်းအား တရုတ် နိုင်ငံက အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး တောမီး ငြှိမ်းသတ်ခြင်းနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။