Connect with us

Politics, Law & Military

ဆူဒန်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် တရုတ်နိုင်ငံ ကြိုဆို

တောင်ဆူဒန်နိုင်ငံ ဂျူဘားမြို့တွင် အောက်တိုဘာ ၃ ရက်က ဆူဒန်အချုပ်အခြာအာဏာပိုင် ကောင်စီ ဥက္ကဋ္ဌ Abdel Fattah al-Burhan ၊ တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir နှင့် ချတ်နိုင်ငံ သမ္မတ Idriss Deby (ဝဲမှယာ) တို့က ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အစိုးရနှင့် အတိုက်အခံအုပ်စုများအကြား ဘက်စုံငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအပေါ် တရုတ်နိုင်ငံက ကြိုဆို ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဒါဖာ၊ Blue Nile နှင့် South Kordofan ဒေသများတွင် ဆယ်စုနှစ်များကြာ ပဋိပက္ခအဆုံးသတ်သွားစေရန် ဆူဒန်အစိုးရသည် အတိုက်အခံအုပ်စုများနှင့် ဘက်စုံငြိမ်းချမ်းရေး သဘောတူစာချုပ်ကို တောင်ဆူဒန်မြို့တော် ဂျူဘားတွင် အောက်တိုဘာ ၃ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွမ်းရင်၏ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးသဘောတူစာချုပ်သည် ဆူဒန်နိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ချောမွေ့စွာဆက်လက်တိုးတက်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆူဒန်နိုင်ငံမှ ပါတီများအားလုံး ယင်းသဘောတူစာချုပ်ကို ကောင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟွာက ထုတ်ပြန်ချက်တွင်ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ဆူဒန်နိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး မြှင့်တင်မှုတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပိုမိုပါဝင်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွလုပ်ဆောင်ရန် အဆင်သင့်ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117