Connect with us

Economy

တရုတ်နိုင်ငံ ဆန်းကျန့် အထူးစီးပွားရေးဇုန် နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ဆန်းကျန့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့် အထူးစီးပွားရေးဇုန် (SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့( အောက်တိုဘာ ၁၄ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်လည်း တက်ရောက်ကာ အရေးပါသောမိန့်ခွန်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် စတင်ခဲ့ပြီး တက်ရောက်လာသူများက နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားစတင်ခဲ့ကြောင်း သိရသည်။
ရှီက နှစ်ပေါင်း ၄၀ အတွင်း ဆန်းကျန့်၏ ဖွံ့ဖြိုးတိုးတက်မှုသည် “ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် အံ့ဖွယ်ဖြစ်ရပ်” ဖြစ်ကြောင်း ချီးကျူးခြင်းဖြင့် အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းသည် CPC နှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒအပြင် ခေတ်မီသော ဆိုရှယ်လစ်စနစ် တိုးတက်စေခြင်းဖြင့် ဆောင်ရွက်သော ကြီးမားသည့် တီထွင်ဆန်းသစ်မှုအရွေ့တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၈၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့၊ ကျူးဟိုင်မြို့နှင့် ဆန့်ထိုမြို့နှင့် ဖူကျန့်ပြည်နယ် ရှမန်မြို့ စသည်တို့၌ အထူးစီးပွားရေးများ ထည်ထောင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117