Connect with us

Politics, Law & Military

ရှီက လူငယ်အရာရှိများအား လက်တွေ့ကျသောပြဿနာရပ်များကို ဖြေရှင်းရာတွင် အလေးအနက်ထားရန် ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အောက်တိုဘာ ၁၀ ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပါတီလေ့ကျင့်ရေးကျောင်းရှိ လူငယ် နှင့် လူလတ်ပိုင်း အရာရှိများအား လေ့ကျင့်သင်ကြားမှု အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်အရာရှိများအား ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်အပြည့်ဖြင့် လက်တွေ့ကျသော ပြဿနာရပ်များကိုဖြေရှင်းရာတွင် စိတ်ဆန္ဒရှိစွာ ပြုမူကြရန် နှင့် စစ်မှန်သောရလဒ်များထွက်ပေါ်လာသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် အောက်တိုဘာ ၁၀ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌ ဖြစ်သူ ရှီက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(အမျိုးသားစီမံခန့်ခွဲမှုအကယ်ဒမီ) ၏ ပါတီလေ့ကျင့်ရေးကျောင်းရှိ လူငယ် နှင့် လူလတ်ပိုင်း အရာရှိများအတွက် လေ့ကျင့်သင်ကြားရေးအစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အောက်တိုဘာ ၁၀ ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပါတီလေ့ကျင့်ရေးကျောင်းရှိ လူငယ် နှင့် လူလတ်ပိုင်း အရာရှိများအား လေ့ကျင့်သင်ကြားမှု အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

သမိုင်းဆိုသည်မှာ ပြဿနာရပ်များမှ ဖောက်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး တော်လှန်ရေး ၊ တည်ဆောက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် ပြည်သူများအား ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းဖြစ်ကြောင်း ၊ ပါတီ၏ ရည်ရွယ်ချက်များမှာ နိုင်ငံအတွင်းရှိ လက်တွေ့ကျသောပြဿနာရပ်များ အားလုံးကိုဖြေရှင်းရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိကြုံတွေ့နေရသည့်ရှုပ်ထွေးသော အခြေအနေ နှင့် ခက်ခက်ခဲခဲဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်များအပေါ် လူငယ်အရာရှိများအနေဖြင့် ၎င်းတို့၏ စွမ်းရည်ပြည့်ဝသော ပြဿနာဖြေရှင်းရေးအင်အားကို မြှင့်တင်ကာ ချက်ချင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရှီက တိုက်တွန်းခဲ့ပြီး ၊ ယင်းမှာ လူငယ်အရာရှိများ ပိုမိုသန်စွမ်းလာရန် ရှောင်လွှဲ၍မရနိုင်သော လိုအပ်သည့်စမ်းသပ်ချက်တစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အရာရှိများ အထူးသဖြင့်လူငယ်များသည် ပြည်သူများနှင့်ထိတွေ့ခြင်းနှင့်အတူ ၎င်းတို့၏ နိုင်ငံရေးအရည်အသွေး နှင့် အခြားသော သုတေသန နှင့် လေ့လာမှု စွမ်းဆောင်ရည်များ ၊ သိပ္ပံဆိုင်ရာ ဆုံးဖြတ်လုပ်ကိုင်မှု ၊ နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှု ၊ အရေးပေါ်တုံ့ပြန်ကိုင်တွယ်မှုများ ကို မဖြစ်မနေ မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း နှင့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။ထို့ပြင် သမ္မတရှီက လူငယ်အရာရှိများအား ပြဿနာရပ်များကို ရင်ဆိုင်ရာတွင် စိတ်ဆန္ဒရှိရှိဖြင့် ရလဒ်ကောင်းများပေါ်ထွက်အောင် လုပ်ဆောင်ရန် အသင့်ရှိရေး နှင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရေးအတွက်လည်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)