ရန်ကုန် ၊ မေ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်...
ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အိုမီခရွန်မျိုးဗီဇကွဲအား တိုက်ဖျက်ရေးကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်မှုများကို သုံးလေးလအတွင်း အဆုံးသတ်ရန် မျှော်မှန်းထားပြီး အသုံးပြုရန် တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကာကွယ်ဆေး ထုတ်လုပ်သူက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ကြိုတင်လက်တွေ့သုတေသနပြုရာတွင် ကာကွယ်ဆေးသည် အိုမီခရွန်မျိုးဗီဇကွဲအား တိုက်ဖျက်ရာ၌...
ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ဧပြီ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို အလွန်ဆိုးယုတ်သော လုပ်ရပ်တစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများအား ရှာဖွေနှိမ်နှင်းရန် ပါကစ္စတန်နိုင်ငံနှင့်အတူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူများအား...
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအကြောင်း ပြောဆိုရန် အမှန်တကယ်အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် လုပ်သင့်သည်မှာ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တရားမဝင်ထိန်းချုပ်ထားခြင်းကို ချက်ချင်းရုတ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အီမန်နျူရယ်မက်ခရွန်အား ပြင်သစ်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဧပြီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ(NEAs)၏ အန္တရာယ်များမှ ဂြိုဟ်အား ကာကွယ်စောင့်ရှောက်ရေးအတွက် စောင့်ကြည့်ရေး နှင့် ကာကွယ်ရေးစနစ်များအား တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) များပြားလှသောစိန်ခေါ်မှုများရှိသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တိုးတက်လျက်ရှိနေကြောင်း ဘောဂဗေဒ ပညာရှင်များနှင့် စီးပွားရေးခေါင်းဆောင်များကပြောကြားခဲ့ကြသည်။ (Xinhua) ………………………………… (English Version) GLOBALink | China’s economy forges ahead despite challenges: experts Economists...
ဖနွမ်းပင် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကာကွယ်ဆေး ဗျူဟာမြောက်ပေးသွင်းသူအဖြစ် တရုတ်နိုင်ငံအား ရွေးချယ်ရန် မှန်ကန်သည့်ဆုံးဖြတ်ချက်တစ်ရပ်အား ပြုလုပ်ခဲ့ပြီး ယင်းသည် ကမ္ဘောဒီးယားနိုင်ငံအား အစောဆုံး ခိုင်မာသည့် လူအုပ်စုအကြား ကိုယ်ခံအားစနစ် ရရှိရန် ထောက်ကူခဲ့ကြောင်း ကမ္ဘောဒီးယားပညာရှင်က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၁...
ပေကျင်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) တရုတ်အဆင့်မြင့်သံတမန် ယန်ကျဲ့ချီသည် ပေကျင်းမြို့၌ ဧပြီ ၂၀ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် Khek Caimealy Sysoda နှင့် တရုတ်နိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ် Khamphao Ernthavanh တို့နှင့် အသီးသီး တွေ့ဆုံခဲ့ကြောင်း သိရသည်။...