Connect with us

Media

ဉာဏ်ရည်ထည့်သွင်းထားသောလယ်ယာစိုက်ပျိုးရေးလုပ်ငန်းစနစ်က တရုတ်နိုင်ငံမြောက်ပိုင်းရှိ စပါးစိုက်ပျိုးရေးအား အထောက်အကူဖြစ်

ထျန်းကျင်း ၊ မေ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ထျန်းကျင်းမြို့ရှိ သရုပ်ပြလယ်ယာစိုက်ခင်းတစ်ခု၌ စိုက်ပျိုးရေး အထောက်အပံ့ ပစ္စည်းများအား စီမံကိုင်တွယ်ရန် ဉာဏ်ရည်ထည့်သွင်းထားသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းစနစ်ကို အသုံးပြုထားကြောင်း သိရသည်။

ယင်းသရုပ်ပြလယ်ယာစိုက်ခင်းသည် ဧရိယာ ၂၀,၀၀၀ mu(ဟက်တာ ၁,၃၀၀ ခန့်) ရှိပြီး တရုတ်နိုင်ငံ၏ ဓာတ်မြေဩဇာ ၊ မျိုးစေ့ နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများဆိုင်ရာ ထိပ်တန်းလုပ်ငန်းဖြစ်သည့် Sinochem က ပိုင်ဆိုင်ကြောင်း သိရသည်။

ယင်းပလက်ဖောင်းသည် သီးနှံကြီးထွားမှုဆိုင်ရာ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များအား ထောက်ပံ့ပေးကာ စိုက်ပျိုးရေးနည်းပညာရှင်တစ်ဦးက စမတ်ဖုန်းအက်ပလီကေးရှင်းမှတစ်ဆင့် စပါးစိုက်ခင်း ဧရိယာ ၄,၀၀၀ mu (၂၆၆ ဟက်တာခန့်)အား စီမံကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစနစ်ကို ထျန်းကျင်းမြို့ရှိ နယ်ပယ်မျိုးစုံတွင် အသုံးပြုလျက် ရှိကြောင်း သိရသည်။ (Xinhua)
………………………………..
(English Version)
Intelligent farming system helps rice planting in N China
An intelligent farming system has been used at a demonstration farm in north China’s Tianjin to manage agricultural facilities.
The farm, which covers an area of 20,000 mu (about 1,300 hectares), belongs to Sinochem, China’s leading operator of fertilizer, seeds and agrochemicals.
The platform provides real-time data on crop growth, enabling one agro-technician to manage 4,000 mu (about 266 hectares) of paddy field through a smartphone app.
The system has been applied in various areas in Tianjin.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)