ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇန်နဝါရီ ၁၁ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ အခြေအနေတို့အပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် မြို့တော် ဒါကာမြို့၏ အရှေ့ဘက်ပိုင်းရှိ အဓိကလမ်းကြောင်းတစ်ခုအား လေးလမ်းသွား အမြန်လမ်းအဖြစ် ပြောင်းလဲရန် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ နှင့် ဇန်နဝါရီ ၉ ရက်တွင် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်း...
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဘုရားပြုပြင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ကူးလူးဖလှယ်မှုကိုမြှင့်တင်ပေးပြီး နှစ်နိုင်ငံ၏ “ဗုဒ္ဓရေစက်” ကိုပိုမိုနက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ၏ “ဆွေမျိုးပေါက်ဖော်” သံယောဇဉ်ခိုင်ခံ့စေရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြည့်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဇန်နဝါရီ ၈...
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) “၂၀၂၁ ခုနှစ်၌ သမ္မတရှီကျင့်ဖိန်သည် “ cloud diplomacy” ဟု ခေါ်သည့် နှစ်ဆယ်ရာစု၏ “လူချင်းဆုံတွေ့မှုမရှိသော်လည်းအဆက်အသွယ်မပြတ်သည့် သံတမန်ရေးရာ” ကို အားထုတ် ဖော်ဆောင်မှုပြုလုပ်သည့်အနေဖြင့် နှစ်နိုင်ငံသော်လည်းကောင်း နိုင်ငံစုံသော်လည်းကောင်း ရုပ်သံမှတွေ့ဆုံကာမိန့်ခွန်းပြောဆိုမှုများကိုပြုလုပ်ခဲ့သည်။ သမ္မတရှီကျင့်ဖိန်၏ ရှုထောင့်အမြင်များနှင့်အဆိုပြုချက်များအား လူ အများ...
ကူမင်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှတစ်ဆင့် ဇန်နဝါရီ ၃ ရက်အထိ ကုန်တင်ရထား ၁၁၆ စင်း ပြေးဆွဲခဲ့ပြီး ယွမ်သန်း ၆၇၆ ခန့်(အမေရိကန်ဒေါ်လာ ၁၀၆ သန်း)တန်ဖိုးရှိ ကုန်ပစ္စည်း တန်ချိန် ၄၉,၈၀၀...
ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၎င်း၏အာကာသစခန်း တည်ဆောက်မှုသည် ယခု ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်းထံမှ သိရသည်။ တရုတ်နိုင်ငံသည် လူသားများလိုက်ပါသည့် အာကာသပျံသန်းမှုအမျိုးမျိုး အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း အာကာသသို့...
တိဘက် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ချန်ဟောင်ချင်းသည် တိဘက်ဒေသတွင် စေတနာ့ဝန်ထမ်းအင်္ဂလိပ်ဆရာအဖြစ် ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သူ၏ဇာတိမြေဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်း ထျန်ကျင်း မြို့လေးသို့ ပြန်လည်ရောက်ရှိလာသည်မှာ ၁ နှစ်ကျော်ပြီ ဖြစ်သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ကုန်းပြင်မြင့် ဒေသတွင် သူရရှိခဲ့သည့် အတွေ့အကြုံက ကမ်ဒိုမြို့...
ကန်းစု၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကန်းစုပြည် လင်းရှမြို့ရှိ မူလတန်းကျောင်းရှိ ကျောင်းသားများသည် မနက်ခင်းလေ့ကျင့်ခန်းလုပ်ဆောင်ချိန်တွင် မြွေဗီဒီယိုဂိမ်းများကဲ့သို့ မျက်စိပသာဓဖြစ်ဖွယ် လေ့ကျင့်ခန်းလုပ်ဆောင်နေပုံကိုရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ……………………………….. (English Version) Students in China’s Linxia bring video game...