ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက မြို့တော်ဘန်ကောက် နှင့် အခြား အဓိက ခရီးသွားနေရာများတွင် ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းထားသည့််ပမာဏထက်များစွာ နောက်ကျ ကျန်ရစ်နေသဖြင့် ယင်းနေရာများအား နိုင်ငံခြားခရီးသွားများ ပြန်လည်ဖွင့်လှစ်မှုကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းရန် စီစဉ်လိုက်ကြောင်း သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ယခုအချိန်ထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၄၀ ကျော် ထိုးနှံပေးထားကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ်...
ဘန်ကောက် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) Sinovac ကာကွယ်ဆေးအပေါ် သတင်းအချက်အလက်အမှားများသည် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနေ့စဉ်သတင်းစာတစ်စောင်က ပြည်တွင်းအဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယင်ကျန်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေကြသော လာအိုနိုင်ငံသားများအတွက် COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံသို့ ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘန်ကောက် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၆၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် မြို့တော် ဘန်ကောက် နှင့် အခြား အဆိုးရွားဆုံးကူးစက်ခံရသည့် ဒေသများတွင် ဩဂုတ်လကုန်အထိ ဖြစ်နိုင်သည့် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများအား ပိုမိုတင်းကျပ်ရန် ဇူလိုင် ၃၁...
ဘန်ကောက် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်နှံ့မှုအား ထိန်းချုပ်ရန် အလို့ငှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များသွားလာမှုကို ဇူလိုင် ၂၁ ရက်မှစတင်၍ ထပ်မံကန့်သတ်သွားမည် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ဇူလိုင် ၁၉ ရက်တွင်...
ဘန်ကောက် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါလှိုင်း အဆိုးရွားဆုံးအနေအထားဖြင့် ရင်ဆိုင်နေရသည်နှင့်အမျှ ဇွန် ၁၀ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ ၉၁ ဦး ထိရှိခဲ့ရာ COVID-19 ကြောင့် သေဆုံးသူပေါင်း ၂,၆၂၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏...
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အနီးက ဓာတုစက်ရုံတစ်ရုံသည် ယနေ့ ဇူလိုင် ၅ ရက် အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။