အသက် ၆၀ နှစ်နှင့်အထက် လူဦးရေ ၂၆၇ သန်းရှိသည့် တရုတ်နိုင်ငံသည် ယင်းအုပ်စုများအကြား ကာကွယ်ဆေးထိုးနှံမှုအား အရှိန်မြှင့်ဆောင်ရွက်လျက် ရှိပြီး သက်ကြီးရွယ်အိုများကလည်း COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုများ ပိုမိုခံယူခဲ့ကြကြောင်း သိရသည်။ (Xinhua) xhtxs.cn/CRm —————————- More elderly get COVID vaccine jabs...
ချန်ချွမ်း ၊မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဧပြီ ၃၀ ရက်တွင် အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာ အဖွားအိုတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁၀ ရက်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရာတွင် မခြွင်းမချန်အရေးကြီးမှုကိုထောက်ပြပြောကြားရာ၌ သက်ကြီးရွယ်အိုများအကြား ရောဂါကူးစက်မှု အရေအတွက် မြင့်တက်လာခြင်းကို တိုကျိုမြို့တော် အစိုးရ COVID-19 ကျွမ်းကျင်ပညာရှင်များအဖွဲ့ဆွေးနွေးပွဲက ဖေဖော်ဝါရီ ၄ ရက်တွင် သတိပေးလိုက်သည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မူဝါဒဘဏ်များအနက် တစ်ခုဖြစ်သော တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (China Development Bank) က လာမည့်ငါးနှစ်တာအတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများအတွက် ချေးငွေ ယွမ် ၁၀၀ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ) ခွင့်ပြုရန်လျာထားကြောင်း သိရသည်။