မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံသမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) အား ဇူလိုင် ၇ ရက် အစောပိုင်းတွင် ၎င်း၏ အိမ်တော်၌ လုပ်ကြံသတ်ဖြတ်ခဲ့သူများဟု သံသယရှိသည့် သေနတ်သမားများကို ဟေတီနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ကာရေဗီယံကျွန်းစုနိုင်ငံဖြစ်သည့် ဟေတီနိုင်ငံအစိုးရ တရားဝင်ထုတ်ပြန်မှုကို ကိုးကား၍...
ဝါရှင်တန် ၊ ဇူလိုင်၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က ဟေတီနိုင်ငံသမ္မတဂျိုဗီနယ်မော်စီ (Jovenel Moise) လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် “ လူမဆန်သောလုပ်ရပ်” တစ်ခုအဖြစ် ဇူလိုင် ၇ ရက်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
တီဟီရန် ၊ မေ ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ Hassan Rouhani က သြစတြီးယား နိုင်ငံမြို့တော် ဗီယင်နာ တွင် ကျင်းပပြုလုပ်နေသည့် အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်ဆိုင်ရာ အစည်းအဝေးတွင် ကြီးမားသည့် တိုးတက်မှုရရှိခဲ့ကြောင်း မေလ ၁၉ ရက်၌ ပြောကြားခဲ့သည်။...
မနီလာ၊မေ ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေ ၃ ရက် ညပိုင်းတွင် တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Harry Roque က ဆိုသည်။
ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးကို မတ် ၂၃ ရက်တွင် ထိုးနှံမှုခံယူခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။