ဝါရှင်တန်၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်များက စစ်လက်နက်များရောင်းချခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစဉ်အတွင်းမှာပင် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များကို အာရပ်စော်ဘွားများပြည်ထောင်စု(UAE) သို့ ရောင်းချပေးသွားရန် နိုဝင်ဘာ ၁၀ ရက်က အတည်ပြုလိုက်ကြောင်းသိရသည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမျိုးသားလူ့အခွင့်အရေးပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ ၏ ၃၆ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာ ၉ ရက် တွင် ဂျီနီဗာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ...
ဝါရှင်တန်၊နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esperအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ Christopher Miller အား ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတ ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာ ဓလေ့ထုံးစံများနှင့်အညီ လိုက်နာပြုကျင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Inslee က သမ္မတရွေးကောက်ပွဲအတွက် တရားဝင်ထည့်ထားသော မည်သည့်ဆန္ဒမဲကိုမဆို ဆက်လက်ရေတွက်သင့်ကြောင်း (အမေရိကန်ဒေသစံတော်ချိန်) နိုဝင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံသည် နိုဝင်ဘာ ၄ ရက်တွင် ပဲရစ်သဘောတူညီချက်မှ တရားဝင်နုတ်ထွက်လိုက်ပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို နိုင်ငံပေါင်း ၂၀၀ နီးပါး လက်မှတ်ရေးထိုးထားသည့်ကြားမှ နုတ်ထွက်သွားခြင်းဖြစ်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ်အရေအတွက်သည် ၈၅၀,၀၀၀ ကျော်ရှိလာပြီးဖြစ်ကြောင်း အမေရိကန်ကလေးသူငယ်ကျန်းမာရေးလေ့လာမှုအကယ်ဒမီ နှင့် ကလေးဆေးရုံများအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ဆိုးလ် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ စမ်းသပ်စစ်ဆေးရာတွင် အမေရိကန်စစ်သား ၁၃ ဦး နှင့် အခြားအရပ်သား ၅ ဦးထံတွင် positive ရလဒ်အဖြေများ တွေ့ရှိခဲ့ကြောင်း ကိုရီးယားရောက် အမေရိကန်တပ်ဖွဲ့(USFK) က ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် သမ္မတရွေးကောက်ပွဲ နှင့် ကွန်ဂရက် ရွေးကောက်ပွဲ အပါအဝင် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲ၏ စုစုပေါင်း အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိလိမ့်မည်ဖြစ်ကြောင်း ယင်းပမာဏသည် ပြီးခဲ့သော အမေရိကန်ရွေးကောက်ပွဲ နှစ်ခုတွင် အသုံးပြုခဲ့သည့် စုစုပေါင်းငွေပမာဏထက် ပိုများနေကြောင်း...