မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရသောကြောင့် အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CNN က စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကိုယ်ခံအားစနစ်များ အားနည်းသည့် ပြည်သူများတွက် COVID-19 ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် ဩဂုတ် ၁၂ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြုံးယမ်း ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က တောင်ကိုရီးယားနိုင်ငံမှ အမေရိကန် စစ်တပ် ထွက်ခွာသွားရန် ယနေ့ ဩဂုတ် ၁၀ ရက်တွင် တိုက်တွန်းခဲ့ပြီး လာမည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် တည်ဆောက်ရန် ကတိပြုလိုက်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ...
ဟူစတန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝေးလံခေါင်သီသော တက္ကဆက်ပြည်နယ် တောင်ပိုင်း အဝေးပြေးလမ်းပေါ်တွင် ဩဂုတ် ၄ ရက်က ဝန်ပိုတင်ဆောင်၍ အရှိန်လွန်မောင်းနှင်လာသည့် ဗန်ကား တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
လော့စ်အိန်ဂျလိစ် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Colusa ကောင်တီ၌ ဩဂုတ် ၁ ရက် နေ့လည်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုအတွင်း လူလေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ Colusa ကောင်တီအုပ်ချုပ်ရေးအရာရှိရုံးက ဌာနေတိုင်းရင်းသားများအတွက် သီးသန့်သတ်မှတ်ပေးထားသောနယ်မြေလမ်းရှိ အမှတ် ၄၅...
ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များသည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် (al-Shabaab) စစ်သွေးကြွအဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသမီးဂျွမ်းဘားအသင်းမှ အိုလံပစ် အရံကစားသမား Kara Eaker သည် တိုကျိုမြို့အနီး လေ့ကျင့်ရေးစခန်းတစ်ခု၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဟူစတန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ ရေပန်းဥယျာဉ်တစ်ခုအတွင်း ရေကူးသည့် နေရာ၌ အမျိုးအမည်မသိ ဓာတုယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၀ ဦးကျော်အား ဆေးကုသပေးထားရကြောင်း Harris ကောင်တီ မီးသတ်တပ်ဖွဲ့ဆိုင်ရာ အကြီးအကဲရုံးထံမှ ဇူလိုင် ၁၇ ရက်တွင် သိရသည်။