ဟောင်ကောင် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသ၏ ကြွယ်ဝချမ်းသာမှု နှင့် တည်ငြိမ်ရေးမှုကို ဖြစ်စေမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုပြည်သူ့အစိုးရရုံးကို ဇူလိုင် ၈ ရက် နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ ဥပဒေကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမျိုးသားလုံခြုံရေးဥပဒေ၏ လိုအပ်ချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း HKSAR အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ကျင်းပဆဲ တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုရေး အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ အစည်းအဝေးအတွင်း တရုတ်ဥပဒေပြုကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုပြဌာန်းရေးနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်တွင် အစုအဖွဲ့အလိုက် အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn သည် ဖေဖော်ဝါရီလ ၁၃ ရက်က ရုရှားသံတမန်တစ်ဦး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောမှုကိစ္စရပ်များကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။