နယူးဒေလီ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ အောက်တိုဘာ ၅ရက်က မီနီဘတ်စ်ကား တစ်စီးသည် တောင်ပေါ်လမ်းတစ်ခုတွင် လမ်းချော်ကာ ချောက်ထဲပြုတ်ကျခဲ့၍ အနည်းဆုံး လူ ၉ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ရာ လူ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee သည် သြဂုတ် ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းတက်ရောက်ခဲ့သည့် ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ ရေကြီးနေသော ရေတံခွန်တစ်ခုတွင် အနည်းဆုံးလူ အယောက် ၃၀ ပိတ်မိနေပြီး ခရီးသွား ၁၂ဦး ခန့် ရေစီးနှင့် မျောပါသွားခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ တောင်ပိုင်း Kerala ပြည်နယ် တွင် သြဂုတ်လ ၈ ရက် မှ စတင်၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လူပေါင်း ၆၇ ဦး သေဆုံး ခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ်...
နယူးဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်တွင် ကားတစ်စီးသည် လမ်းချော်ပြီး ချောက်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ရာ ကလေးငယ် ၇ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က သြဂုတ် ၁၂ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာ ပရာဒတ်ရှ်ပြည်နယ်က အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် ရန်ဖြစ်ပြီးနောက် သား ၃ ဦးကို မြစ်အတွင်းသို့ ပစ်ချကာ သတ်ပစ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၆ ရက်တွင် ပြောကြားလိုက်သည်။
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်အတူ ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုးတက်မှုရှိသော ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဖော်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် ဇူလိုင်လ ၁၉ ရက် ၌ ဘတ်စ်ကား တစ်စင်း ချောက်ထဲ ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၄ ဦး...