ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်ဘာရာ ၊ မေ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသော ခရီးသွားများအား ပြည်ဝင်ခွင့်တားမြစ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် လူမျိုးရေး အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုချက်များကို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ငြင်းဆိုလိုက်သည်။ အိန္ဒိယနိုင်ငံမှ ပြန်လာသူများအနေဖြင့် ဟိုတယ် Quarantine နေစဉ်အတွင်း ဩစတြေးလျနိုင်ငံသားများအကြား...
ကန်ဘာရာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။
ကန်ဘာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နော်ဝေနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုခံယူသူများ သေလုမျောပါးအခြေအနေများရှိခဲ့သော်လည်း သြစတြေးလျနိုင်ငံ၌ Pfizer ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သြစတြေးလျ အစိုးရ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဆစ်ဒနီ ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် COVID-19 ကူးစက်မှုဆက်လက်မြင့်တက်လာသဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းကို မလုပ်မနေရအဖြစ် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး သေဆုံးသွားသူ တာလီဘန်လက်နက်ကိုင်၏ ခြေထောက်အတုကို ဘီယာခွက်လုပ်သောက်နေသည့် ဩစတြေးလျ အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ဓါတ်ပုံကို ဗြိတိန်၏ “The Guardian” ဩစတြေးလျ သတင်းစာက ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့ရာ အာဖဂန်တွင် ပြုမူခဲ့သည့် ဩစတြေးလျစစ်တပ်၏ စက်ဆုပ်ဖွယ်အပြုအမူများကို ခိုင်ခိုင်မာမာ နောက်ထပ်တစ်ကြိမ်...
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။
ကန်ဘာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ဇွန်လ သုံးလပတ်တွင် ၇.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အကြီးမားဆုံး သုံးလပတ်ကျဆင်းမှု မှတ်တမ်းဝင်သွားကြောင်း စက်တင်ဘာ ၂ ရက်တွင် ဩစတြေးလျနိုင်ငံ စာရင်းအင်းဗျူရို (ABS) က ထုတ်ပြန်သည့် စာရင်များအရ သိရသည်။