Connect with us

Europe

အဆိပ်ရှိပင့်ကူအများအပြား နေအိမ်အတွင်း ဝင်လာနိုင်ကြောင်း ရေဘေးအပြီး ဩစတြေးလျ ကြိုတင်သတိပေး

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ် သစ်တောတစ်ခု ရေနစ်မြုပ်နေသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။

ဆစ်ဒနီမြို့တည်ရှိရာ နယူးဆောက်သ်ဝေးလ် ပြည်နယ်သည် ရေဘေးဒဏ်ပြင်းထန်စွာ ခံရသည့် ဒေသဖြစ်ပြီး ပြင်းထန်သည့်ရေတိုက်စားမှု ကြောင့် နေအိမ်များစွာ ပျက်စီးခဲ့သလို လူပေါင်း သောင်းကျော် အရေးပေါ် နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ မတ် ၂၄ ရက်အထိ ဆစ်ဒနီမြို့ ဆင်ခြေဖုံး မြေနိမ့်ဒေသများတွင် ရေများပြည့်လျှံနေဆဲဖြစ်သည်။ ပင့်ကူ၊မြွေစသည့် သတ္တဝါများသည် နားခိုနေထိုင်ရာ နေရာမရှိခြင်းကြောင့် အသက်ရှင်နေထိုင်ရန် ရေထဲမှတစ်ဆင့် လူနေအိမ်များထဲ ဝင်ရောက်ပြီး ခြံစည်းရိုးများတွယ်ကပ်နေသည်ကို လူမှုကွန်ရက်မီဒီယာများတွင် တင်ထားသည့် ဗီဒီယိုနှင့်ဓါတ်ပုံများ၌ တွေ့ရသည်။

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ် သစ်တောတစ်ခု ရေနစ်မြုပ်နေသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆစ်ဒနီဆင်ခြေဖုံးရှိ ဆစ်ဒနီမြို့နေပြည်သူများအနေဖြင့် ရေဘေးကြောင့် နေစရာပျောက်ဆုံးသွားသည့် အဆိပ်ပြင်းပင့်ကူ Funnel-web Spiderများသည် လူနေအိမ်များကို ဝင်၍ နားခိုရာ ရှာနိုင်ကြောင်း ဆစ်ဒနီမြို့ဆင်ခြေဖုံးရှိ ဩစတြေးလျ တွားသွား သတ္တဝါ တိရစ္ဆာန်ဥယျာဉ်က မတ် ၂၃ ရက်တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Funnel-web Spider သည် ဩစတြေးလျရှိ အဆိပ်ပြင်း ပင့်ကူကြီးမျိုးဖြစ်ပြီး ကမ္ဘာတွင် အသက်သေစေနိုင်သည့် ပင့်ကူများအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ ယင်းပင့်ကူ ၏ခန္ဓာကိုယ်သည် (၁)စင်တီမီတာမှ (၅)စင်တီမီတာရှည်လျားတတ်ပြီး ရန်လိုတိုက်ခိုက်သည့်သဘာဝရှိရာ ထိတ်လန့်မှုဖြစ်ပါက လူကို ကိုက်တတ်ပြီး ပင့်ကူ၏အစွယ်သည် လူလက်သည်းခွံကို ဖောက်နိုင်ရာ ကိုက်ခံရသူသည် (၁၅)မိနစ်မှ (၃)ရက် အတွင်း သေဆုံးနိုင်ကြောင်း သိရသည်။ သို့သော်လည်း လူသားများအနေဖြင့် ၎င်း၏အဆိပ်ကို ခုခံနိုင်သည့် သွေးရည်ကို သုတေသနပြုထုတ်လုပ်နိုင်ပြီဖြစ်ရာ ဩစတြေးလျ တွားသွား သတ္တဝါ တိရစ္ဆာန်ဥယျာဉ်တွင်လည်း ရှိနေသည်။

Funnel-web Spider အဆိပ်ပြင်းပင့်ကူ ကိုက်၍ အသက်သေဆုံးခဲ့သည် ဖြစ်ရပ် (၁၃)ခုကို သက်ဆိုင်ရာမှတ်တမ်းများတွင် ရှာနိုင်ကြောင်း၊ သို့သော် ၁၉၈၀ ခုနှစ်များတွင် ပဋိပစ္စည်းဖြစ်နိုင်သည့် သွေးရည်ကြည် သုတေသနပြုထုတ်လုပ်နိုင်ပြီးနောက် ထိုပင့်ကူမျိုးကိုက်ခံရ၍ သေဆုံးမှု မရှိတော့ဟု ယုံကြည်ရကြောင်း AFP၏သတင်းတွင် ဖော်ပြထားသည်။

“ဆစ်ဒနီနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ရေဘေးဒုက္ခကြီးကို ကြုံတွေ့ခဲ့ရတယ်။ အဆိပ်ပြင်းပင့်ကူတွေကလည်း နေရပ်ကို စွန့်ခွာပြီး ခြောက်သွေ့တဲ့ ဒေသမှာ ဘေးရှောင်ရတာတွေရှိလာတယ်။ ”ဟု ဩစတြေးလျ တွားသွား သတ္တဝါ တိရစ္ဆာန်ဥယျာဉ် အကြီးအကဲTim Faulkner က မတ် ၂၃ ရက် ကြေညာချက် ဖော်ပြထားသည်။ “ကံဆိုးတာက ဒီလိုဆိုရင် ပင့်ကူတွေက လူနေအိမ်ထဲကို အမြန်ဆုံးနည်းနဲ့ဝင်လာနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ဘေးအန္တရာယ် ကြိုတင်ကာကွယ်ကြသည့် တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို လုံခြုံသည့်အခြေအနေ ပိုင်ပိုင်နိုင်နိုင်ရှိသော အခြေအနေမျိုးတွင် ဆစ်ဒနီမြို့နေပြည်သူများအနေဖြင့် ဖမ်းနိုင်သည့် ပင့်ကူများကိုဖမ်းပြီး သတ်မှတ်ထားတဲ့နေရာသို့ ပို့ပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)
澳大利亚洪灾后预警:一大波“毒蜘蛛”来袭!
2021-03-25 09:35:34
Image Carouse
  新华社北京3月25日电(记者杨舒怡)澳大利亚东部地区连日发生暴雨洪灾,悉尼23日好不容易放晴,该市居民却接到紧急通知:漏斗形蜘蛛,世界上毒性最大的蜘蛛之一,可能“入侵”民宅。
  悉尼所在的新南威尔士州是洪水重灾区,大量民宅被洪水冲垮,上万人紧急疏散。截至24日,悉尼市郊部分低洼区域仍然“泡”在水中。发布在社交媒体的一些视频和图片显示,成千上万蜘蛛、蛇等动物失去栖息地,在洪水中争相逃生,或钻进民居,或攀上篱笆。
  位于悉尼郊外的澳大利亚爬行动物公园23日发布一份紧急通知,提醒悉尼居民做好准备,大量漏斗形蜘蛛因洪水“无家可归”,可能进入民宅以觅栖身之地。

  位于悉尼郊外的澳大利亚爬行动物公园23日发布一份紧急通知,提醒悉尼居民做好准备,大量漏斗形蜘蛛因洪水“无家可归”,可能进入民宅以觅栖身之地。
漏斗形蜘蛛是澳大利亚一种毒性特强的大蜘蛛,是世界上最致命的蜘蛛之一。它体长可达1至5厘米,极具侵略性,一受惊扰便会咬人,毒牙可以穿透人类的指甲,被咬者可能在15分钟至3天内身亡。不过,人类已经研制出这种毒素的抗血清,澳大利亚爬行动物公园便存有一批抗血清。
 据法新社报道,从有关档案中可查到13起漏斗形蜘蛛咬人致死的案例。不过,自20世纪80年代研制出抗血清以来,据信再没有人被这种毒蜘蛛咬死。
  “悉尼及周边地区刚刚经历罕见洪灾,漏斗形蜘蛛被迫逃离栖息地,前往较干燥区域避难,”澳大利亚爬行动物公园园长蒂姆•福克纳23日在一份声明里说,“不幸的是,这意味着它们很快会进入居民住宅。”
 在提醒人们加强防范的同时,澳大利亚爬行动物公园鼓励那些“能确保自身安全的”悉尼居民,在有把握的前提下,可以捕捉漏斗形蜘蛛并把它们送到指定的蜘蛛收集地点。

图说1: 3月22日,澳大利亚新南威尔士州一处树林被洪水淹没。(新华社记者白雪飞摄)