21
Sun, Jul
554 New Articles

နယူးဒေလီ ၊မေ ၂၀ ရက် (ဆင်ဟွာ)

ဝင်ငွေ ကျဆင်းနေပြီး အကြွေးထူနေသော အိန္ဒိယနိုင်ငံရှိ ဇိမ်ခံဟိုတယ်များအား အိန္ဒိယနိုင်ငံ ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် တာတာ ဂရု (Tata ဂရု)  နှင့် စင်ကာပူနိုင်ငံ ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်ရှည်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းဖြစ်သည့် GIC တို့ က လွှဲပြောင်း ကိုင်တွယ်မည်ဟုကြေညာခဲ့သည်။

ဒူရှန်းဘီ ၊ မေ ၂၀ ရက်(ဆင်ဟွာ)

တာဂျစ်ကစ္စတန် နိုင်ငံ မြို့ တော် ဒူရှန်းဘီ၏ အရှေ့ ပိုင်းရှိ လုံခြုံရေး မြင့်မားသော အကျဉ်းထောင် တစ်ခုတွင် ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၂၉ ဦး နှင့် ထောင်ဝန်ထမ်း ၃ ဦး သေဆုံး သွားကြောင်း တရားရေး ဝန်ကြီး ဌာန၏ ယနေ့ (မေ ၂ဝ ရက်) တွင်ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြခဲ့ကြသည်။(Xinhua)

မနီလာ၊ မေ ၁၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမှတ် ၂ ရထားလမ်း တွင် မေ ၁၈ ရက် ညပိုင်းက ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားရာ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 

ကိုလံဘို ၊ မေ၁၉ ရက်(ဆင်ဟွာ)

ကဆုန်လပြည့် ဗုဒ္ဓနေ့ (မေ ၁၈ ရက်) တွင် သီရိလင်္ကာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၅ဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ မိဖုရားအသစ်၏ ပုံများကို မေ ၁၇ ရက်က တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။နန်းတက် မိဖုရားအသစ်ဖြစ်သော Suthida၏ ပုံတူ ဓာတ်ပုံ ၂၀ကို ပုံနှိပ်ထုတ်ဝေရန် ထိုင်းဘုရင် Maha Vajiralongkornက ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မေ ၁၇ ရက်တွင် ပြောကြားသည်။

ဖနွမ်းပင်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား-နီပေါ နှစ်နိုင်ငံတို့က ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင့်ရန်နှင့် အတူတကွအလုပ် လုပ်ကိုင်ရန် ကတိပြုခဲ့ကြောင်း မေ ၁၅ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

တိုကျို၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ပိုင်း Amami-Oshima ကျွန်း၏ အရှေ့မြောက်ဘက်တွင် အင်အား ၅.၅ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသအေဂျင်စီက မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ကိုလံဘို ၊ မေ ၁၄ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့ တော် ဆင်ခြေဖုံး Gampaha မြို့ တွင် တိုက်ပွဲများ ဖြစ်ပွားပြီး နိုင်ငံ အနောက် မြောက်ပိုင်းရှိ ပြည်နယ်များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင် ညမထွက်ရ အမိန့် အား မေ ၁၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ)

အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။ 

ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနမ်ပြည်နယ်တွင် မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ နိုင်ငံပေါင်း ၁ဝဝ ကျော်နှင့်ဒေသများမှ နိုင်ငံတကာကိုယ်စားလှယ်ပေါင်း ၁,၆၅ဝ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။