19
Fri, Apr
621 New Articles

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသို့ သွားမည့် လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအဲဝေး (Thai Airways) နိုင်ငံတကာ အများပိုင်ကုမ္ပဏီလိမိတက် (THAI) က ကြေညာလိုက်ကြောင်း၊ ဥရောပခရီးစဉ်အားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်အတွက် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဒုတိယမြောက်နေ့  အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ၌ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့ သည် စတင် ဆွေးနွေးလျက်ရှိသည်။

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ငြိမ်းချမ်းရေး ဖန်တီးရန်နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံပွဲအဖြစ် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်း၌ တွေ့ဆုံခဲ့ကြသည်။

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကြိုဆိုသောအားဖြင့် ဗီယက်နမ်နိုင်ငံက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ငွေသားအစစ် အကြွေစေ့ ၃၀၀ ထုတ်ဝေလိုက်ကြောင်း သိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ အိန္ဒိယ လေတပ် (IAF) တိုက်လေယာဉ်တစ်စင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးတစ်ဦးနှင့် တွဲဖက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်လေတပ် တပ်ဖွဲ့ သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါကစ္စတန်လေပိုင်နက်အတွင်း ဝင်ရောက်လာသော အိန္ဒိယဂျက်တိုက်လေယာဉ် ၂စင်းအား ပစ်ချခဲ့ပြီး ပျက်စီးသွားခဲ့သည့် ဂျက်လေယာဉ်တစ်စင်းမှ လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ပါကစ္စတန် စစ်တပ်၏ ဖေဖော်ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်တစ်ခု ၌ပါရှိသည်။

ဟနွိုင်း၊ ဖေဖော်ယါရီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်ရန် ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်းဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးရုံးက နယ်စပ်ထိန်းချုပ်ရေးမျဉ်းအား ပျံသန်းဝင်ရောက်လာခြင်းကို ကန့်ကွက်ရန် အိန္ဒိယနိုင်ငံ ယာယီ မဟာမင်းကြီးအား ဆင့်ခေါ်လိုက်ကြောင်း တရားဝင်ကြေညာချက်အရ သိရသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Yala ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၆ ရက်က လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ရိန်းဂျားအသေခံတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။