22
Tue, Jan
659 New Articles

မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ လူဇုံကျွန်း အနောက်တောင်ပိုင်း တွင် သြဂုတ်လ ၁၁ ရက်နေ့၌ ပြင်းအား ရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိသည့် ငလျင် တစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း နှင့် ပျက်ဆီး ဆုံးရှုံးမှု စာရင်း မထုတ်ပြန်သေးကြောင်း သိရှိရသည်။

ကိုလံဘို ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Ravi Karunanayake သည် စီးပွားရေး မသမာမှု တစ်ခု တွင် ပါဝင်ကြောင်း သတင်းဆိုးထွက်ခဲ့သည့် အတွက် သြဂုတ်လ ၁၀ ရက်နေ့၌ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကွန်တန် ၊ မလေးရှား ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု တွန်းအားပေးမှုတစ်ခုအဖြစ် တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော ဧရာမရထားလမ်းပိုင်း တည်ဆောက်မှုစီမံကိန်းကို (မလေးရှားနိုင်ငံ ကွန်တန်မြို့ (Kuantan)၌)  သြဂုတ်လ ၉ ရက်တွင် တရားဝင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် သြဂုတ် ၈ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းတစ်ခုအတွင်းပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၈ဦးသေဆုံးပြီး အခြားလူ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဟနွိုင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းက ကမ္ဘာ့ ဈေးအသက်သာဆုံး ခရီးသွားစရာနေရာ တစ်ခုဖြစ်ကြောင်း Business Insider သတင်းဆိုက်က တင်ပြထားသည်။

မနီလာ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ သည် သြဂုတ်လ ၇ ရက်နေ့ ၌ ဖိလစ်ပိုင် နိုင်ငံ မြို့တော် မနီလာ တွင် သတင်းမီဒီယာ များအား ထုတ်ပြန်ပေးခဲ့သည့် ကြေညာချက်တွင် မြောက်ကိုရီးယား နျူကလီးယားအရေး အား အမေရိကန် နိုင်ငံ မှ အလုံးစုံ တာဝန်ယူရမည် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ မှ နျူကလီးယား အင်အား ပိုင်ဆိုင်အောင် ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ၏ ခြိမ်းခြောက်မှု ကို ဖြေရှင်းရန် ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား လက်နက်များသည် အမေရိကန် နိုင်ငံ မှလွဲ၍ မည်သည် နိုင်ငံ ကိုမှ အသုံးပြုခြင်း နှင့် ခြိမ်းခြောက်ခြင်း ဆောင်ရွက်မည် မဟုတ်ကြောင်း ပါဝင် ခဲ့သည်။

ကိုလံဘို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ဆက်ဆံရေး ပိုမို ခိုင်မြဲစေရန် သီရိလင်္ကာနိုင်ငံ လွှတ်တော်သို့ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃,၀၀၀ ရှိသော ပစ္စည်းကိရိယာများ တရုတ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း သိရသည်။

ခတ္တမန္ဒူ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း ဒိုတီခရိုင်တွင် ကားတိုက်မှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ်လ ၅ ရက်က ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒါဗာအိုစီးတီး၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ နေရာအတော်များများ၌ ပြင်းအား ၅.၄ အင်အားရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ကျွမ်းကျင်သူများက ပြောသည်။