မနီလာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Kalinga ပြည်နယ် တွင် စက်တင်ဘာ ၁၁ ရက် ၌ ဆိုးရွားသော ယာဉ်မတော်တဆမှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၃ ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa (KPK) ပြည်နယ် ရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ စက်တင်ဘာ ၁၂ရက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ၉ဦး သေဆုံးခဲ့ပြီး ၂ဦး ပိတ်မိနေကြောင်း ပြည်တွင်းရုပ်သံလိုင်း Urdu TV channels ကဖော်ပြခဲ့သည်။

ချီတာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ၏ ၁၉၈၁ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော စစ်ရေး လေ့ကျင့်မှု ဖြစ်သည့် တရုတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ ပူးပေါင်းပါဝင် သော "အရှေ့တိုင်း-၂၀၁၈" စစ်ရေး လေ့ကျင့်မှု ကို စက်တင်ဘာ ၁၁ ရက် တွင် ရုရှား နိုင်ငံ ချီတာ စစ်ရေး လေ့ကျင့်မှု စခန်း ၌ တရားဝင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Telangana ပြည်နယ်တွင် စက်တင်ဘာလ ၁၁ ရက်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲ ပြုတ်ကျမှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖနွမ်းပင်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် ရေကြီးမှုများကြောင့် ကလေးငယ် ၂၆ဦး အပါအဝင် လူ ၄၄ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားကော်မတီ (NCDM) ပြောရေးဆိုခွင့်ရှိသူ Keo Vy က စက်တင်ဘာ ၁၁ရက်တွင် ပြောကြားခဲ့သည်။

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံချုပ်ထားသော ကက်ရှ်မီးယားဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် အင်အားနည်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ကျန်းမာရေး ဌာန အရာရှိ တစ်ဦး က လွန်ခဲ့သည့် ၁၅ ရက် တာ ကာလ အတွင်း ပြည်နယ် ၌ လူပေါင်း အနည်းဆုံး ၃၆ ဦး မှာ အမည်မသိ ရောဂါ တစ်မျိုးကြောင့် ကိုယ်ပူချိန် မြင့်တက် သေဆုံး ခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (China-Pakistan Economic Corridor= CPEC) တည်ဆောက်မှုပူးတွဲမြှင့်တင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် စက်တင်ဘာလ ၉ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

ဖနွမ်းပင် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီသည် ၎င်း၏ မယ်တော်ဖြစ်သူ မိဖုရားဟောင်း နိုရိုဒွန်မိုနီနိတ်(Norodom Monineath) လိုက်ပါလျက် ပုံမှန်ဆေးစစ်မှုခံယူရန် ယနေ့စက်တင်ဘာ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ထွက်ခွာသွားကြောင်း သိရသည်။

တိုကျို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးစီရင်စု တွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၆ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး လူ ၂၆ဦးခန့် ပျောက်ဆုံးနေကြောင်း အစိုးရ က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။