27
Thu, Jun
543 New Articles

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

 

မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်သို့ ရောက်ရှိကာ နေ့လည်စာစားသုံးမည် ဖြစ်ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ကိန်းရန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိနေသည့် မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့၏ ပထမဦး ဆုံးသော ဖျော်ဖြေတင်ဆက်မှု ကို ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်း အချိန်တွင် Gangwon ပြည်နယ် ကိန်းရန် အနုပညာ စင်တာ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတအိမ်ပြာတော် က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

စင်ကာပူ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် စင်ကာပူနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချန်ဝမ်ကွမ်း ( Chang Wanquan) အား ဖေဖော်ဝါရီ ၇ ရက်တွင် လက်ခံတွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ရုတ်တရက် အိတ်ခ်ျအိုင်ဗီ (HIV) ကူးစက်ခံရသူများအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ လူနာများအား ဆေးထိုးအပ် တစ်ချောင်းထဲဖြင့် ဆေးထိုးပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ ဖေဖော်ဝါရီ ၇ရက်တွင် ဂျစ်ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် တီဘီရောဂါခံစားနေရသူ ယောက္ခမအား ဆေးကုသရန်အတွက် အိန္ဒိယ အခွံပျော့လိပ် အများအပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေမှု ပြုလုပ်ရန် သွားရောက် သည့် မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ သည် တောင်ကိုရီးယား နိုင်ငံ Mukhohang ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့၌ တောင်ကိုရီးယား နိုင်ငံ Gangneung မြို့ တွင် ဖျော်ဖြေမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တိုင်ပေ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

ထိုင်ဝမ်၏ Hualien ဒေသအနီး၌ ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီ ၅ဝ မိနစ်တွင် ပြင်းအား ၆.၅ မက္ကနီကျူ့ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဟိုချီမင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် နေရာတစ်ခုအဖြစ် နိုင်ငံအတွင်းရှိ အကြီးဆုံးကျွန်းကို ဆက်သွယ်ပေးထားသော အလျား ၈၉ဝဝ မီတာရှိသည့် ကမ္ဘာ့ အရှည်ဆုံး ကောင်းကင်ကေဘယ်လ်ကားလိုင်း ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။