19
Fri, Apr
621 New Articles

ဂျာကာတာ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း North Sulawesi ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၆ ရက် ညက တရားမဝင် ရွှေတွင်းတစ်တွင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းလုပ်သားတစ်ဦး သေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိကာ လူအများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဌာန မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ထားရာနယ်မြေ (Line of Control= LoC) ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ လေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားဧည့်သည် အရေအတွက် ၆.၂သန်း ရှိရာ ပြီးခဲ့သောနှစ်ကထက် ၁၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း ၊ ၄င်းတို့အနက် တရုတ်ခရီးသွားအရေအတွက်မှာ အများဆုံးဖြစ်ပြီး ၂ သန်း ရှိကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေး ၀န်ကြီး Thong Khonက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ 

မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနတာကာပြည်နယ် သီယာသာဟာလီခရိုင်ခွဲရှိ ကရာဒီမတ်တီနှင့် ကွတ်ချာလူ သစ်တောကြိုးဝိုင်းများတွင် ဖေဖော်ဝါရီလ ၂၅ ရက်နှောင်းပိုင်းတွင် နောက်ထပ် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဟာသင်းပြည်နယ် Vung Ang ဆိပ်ကမ်းတို့အား ချိတ်ဆက်သော ရထားလမ်းတည်ဆောက်ရေးအတွက် ငွေကြေးရှာဖွေရန် နှစ်နိုင်ငံ အစိုးရတို့က ကတိပြုခဲ့ကြောင်း သိရသည်။

ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်သည် ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်အစောပိုင်းတွင် မီးရထားဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လန်ဆန်း(Lang Son) ပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။(Xinhua) 

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) 

တူရကီလွှတ်တော်သည် လာမည့် ဒေသဆိုင်ရာရွေးကောက်ပွဲတွင် မြို့တော်ဝန်လောင်းအဖြစ်ရွေး ချယ်ခံထားရသည့် Binali Yildirimနေရာတွင် အာဏာရပါတီ AKP မှ ဥပဒေပြုအမတ် Mustafa Sentop အားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

 

လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသမ္မတ ငုယင်ဖုထရုန် (Nguyen Phu Trong) သည် ၎င်း၏ နှစ်ရက်တာအလည်အပတ်ခရီးစဉ် အတွက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့သို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ရောက်ရှိလာကြောင်း သိရသည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ကပြောကြားခဲ့သည်။

ဒါကာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့ ရှိ လေဆိပ်တစ်ခုတွင် Biman Banglandesh Airlines မှ ဒူဘိုင်းသို့ သွားရောက်မည့် ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်သို့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူ သေနတ်သမားတစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က အသေပစ်ခတ်ခဲ့ကြောင်း သိရသည်။