ရီယာ့ဒ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကနေဒါအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ကနေဒါနိုင်ငံ၌ သွားရောက်ပညာသင်ကြားနေသော ဆော်ဒီကျောင်းသား ၁၂,ဝဝဝ ဦး ကို အမေရိကန်အပါအဝင် အခြားနိုင်ငံများသို့ပြောင်းရွှေ့ပညာသင်ကြားရန် စီစဉ်နေကြောင်း ဆော်ဒီအဆင့်မြင့်အစိုးရအရာရှိတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ဂျာကာတာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်းတွင် သြဂုတ် ၅ရက် က အင်အား ၇.၀ ပမာဏရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၉၁ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ အရေအတွက် ၂၀၉ဦးရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၆ရက်တွင်ပြောကြားခဲ့သည်။

ဘန်ဒါ ဆာရီ ဘာဂါဝန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံတွင် သေကြောင်းကြံစည်မှု တိုးပွားလာခြင်းနှင့် သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုများပြားလာမှုကို ရင်ဆိုင်နေရပြီးနောက် “အသက်ရှင်နေထိုင်ရေး ဆွေးနွေးအကြံပြုမှု အရေးပေါ်ဖုန်းလိုင်း” တစ်ခု တပ်ဆင်ရန် စဉ်းစားနေပြီး လာမည့် အနာဂတ်တွင် သေကြောင်းကြံစည်မှုများကို ကာကွယ်ရန်နှင့် လျှော့ချရန် စဉ်းစားနေကြောင်း သိရသည်။

အာဖဂန်နစ္စတန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Helmand ပြည်နယ် တွင် IED အမျိုးအစား ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ဦးသေဆုံးပြီး အခြားလူ ၁၁ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က သြဂုတ် ၅ရက်တွင် ပြောကြားခဲ့သည်။

ခတ္တမန္ဒူ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် သြဂုတ် ၅ ရက် နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားရာ ကလေးငယ် ၈ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဂျကာတာ ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၅ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၈၂ ဦးသေဆုံးပြီး အခြားရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ နိုင်ငံအလယ်ပိုင်း Lombok ကျွန်းပေါ်ရှိ လူနေအိမ် နှင့် အဆောက်အအုံ ပေါင်းများစွာလည်း ပျက်စီးခဲ့ရကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိတစ်ဦးက ယနေ့သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စင်ကာပူ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် စင်ကာပူနိုင်ငံတွင် ကျင်းပ သော (၂၅)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးမှုဖိုရမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။