18
Wed, Sep
512 New Articles

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၄ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Swat ခရိုင် ရှိ စစ်စခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၃ရက် ညပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါကစ္စတန် စစ်တပ်အရာရှိ နှင့် စစ်သား ၁၁ဦးသေဆုံးပြီး အခြား လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ကပြောကြားခဲ့သည်။

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith နှင့် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျို (Cai Mingzhao) တို့သည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဖေဖော်ဝါရီလ ၂ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လာအို-တရုတ် ခေတ်သစ်ပိုးလမ်းကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား အိမ်နီးချင်း နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဦးတည်ချက်ထားကာ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ အစိုးရသည် နိုင်ငံအတွက် အောင်မြင်မှုများနှင့် အသိအမှတ်ပြုဖွယ် လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့သော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ချီးမြှင့်သည့် “Freedom Medal” ဂုဏ်ထူးဆောင်ဆုတံဆိပ်အား လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကျင်းပနေသည့်ကာလဖြစ်သော ဖေဖော်ဝါရီ ၂ရက်တွင် တရုတ်နိုင်ငံ ဆင်ဟွာသတင်းဋ္ဌာန နှင့် ဆင်ဟွာသတင်းဋ္ဌာနဥက္ကဋ္ဌ ချိုက်မင်းကျို အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း Bihar ပြည်နယ်၌ ဖေဖော်ဝါရီ ၂ရက်တွင် ခုတ်မောင်းနေသော ရထားရှေ့တွင် ဖြတ်ပြေးမှုကြောင့် အနည်းဆုံး အမျိုးသမီး ၄ဦး သေဆုံးခဲ့ပြီး အခြားလူ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ၏ ပြည်နယ် ၁၅ခုရှိ နာမည်ကြီး လူသိအများဆုံး ကမ်းခြေ ၂၄ခု၌ ဖေဖော်ဝါရီ ၁ရက်တွင် ဆေးလိပ်သောက်ခွင့်ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆိုးလ် ၊ ဖေဖော်ဝါရီ ၁ ရက်

တောင်ကိုရီးယာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားနိုင်ငံမှ အားကစားသမားများသည် တောင်ကိုရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန က ဆိုသည်။

တိုကျို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဆက်ပိုရိုစီရင်စု တွင် ဇန်နဝါရီ ၃၁ရက် ညပိုင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များနှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ပြင်းအား ၆.၂ ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဟနွိုင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံရှိ စမတ်ဖုန်း ၃၅,၀၀၀ ကျော်မှ ဖေ့စ်ဘုတ် (Facebook) အကောင့်များ၏ စကားဝှက်များကို ခိုးယူသည့် GhostTeam ဗိုင်းရပ်စ် တိုက်ခိုက်ခံရကြောင်း သိရသည်။