20
Mon, Jan
470 New Articles

အာမန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဂျော်ဒန်က မိမိနိုင်ငံ၏စက်မှုလုပ်ငန်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် တူရကီ နှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျော်ဒန်အစိုးရက မတ်လ ၁၂ ရက်နေ့ ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

ခတ္တမန္ဒူ ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံ ၊ ခတ္တမန္ဒူ လေဆိပ် အနီး၌ မီးလောင်ကျွမ်း ပျက်ကျသွားသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပေါ် လိုက်ပါလာသူများ အနက် ၄၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း ၄ ဦး နှင့် ခရီးသည် ၆၇ ဦး လိုက်ပါ လာကြောင်း ၊ လေယာဉ်မှာ မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ကျွမ်း ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ခေတ္တမန္ဒူ ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ မြို့တော် ခေတ္တမန္ဒူလေဆိပ်အနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးတည်ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့( မတ်လ ၁၂ ရက် ) မွန်းလွဲပိုင်းတွင် မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် လက်ရှိတွင်သေဆုံးဒဏ်ရာရမှု အခြေအနေအား အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။

နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန် (Emmanuel Macron) သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နယူးဒေလီမြို့သို့ မတ်လ ၉ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြုံယမ်း ၊ မတ် ၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီပိုင် သတင်းဌာန က မတ်လ ၇ ရက်နေ့၌ ဖော်ပြ ခဲ့သည့် သတင်းဆောင်းပါး တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား နှင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ၏ နျူကလီးယား ခြိမ်းခြောက်မှု ကို ရင်ဆိုင်ရန် အတွက် ဖြစ်ပြီး အချုပ်အခြာ အာဏာ နှင့် ရှင်သန်ခွင့် ရရှိရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ကုလသမဂ္ဂ ၊ မတ်လ ၇ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က မတ်လ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ တို့မှ ဆွေးနွေးမှုများ တက်ကြွစွာ ဆောင်ရွက်ခြင်း အပေါ် ကြိုဆိုကြောင်း နှင့် ကုလသမဂ္ဂ အနေဖြင့် ယင်းဆောင်ရွက်မှု ကို ဆက်လက် ထောက်ခံပေးသွားမည် ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ကိုလံဘို၊ မတ် ၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena က သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန်ဒီမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ၁၀ရက် ကြေညာ ရန် မတ် ၆ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မတ်လ ၆ ရက်က မင်္ဂလာဆောင် သွားမည့်သူများအား တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် ရေနုတ်မြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားကြောင်း News18 တီဗီချန်နယ်၌ ဖော်ပြထားသည်။

မနီလာ ၊ မတ် ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဗူးမြို့တွင် ယနေ့မတ်လ ၆ ရက် နံနက်အစောပိုင်းတွင် ဆောက်လက်စ လေးထပ်တိုက် အဆောက်အအုံတန်းလျား တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိများက ဆိုသည်။

ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆ ရက်က သတင်းဖော်ပြလိုက်သည်။