22
Sun, Sep
527 New Articles

ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ ယနေ့ (သြဂုတ် ၅ ရက်) ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

 

ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေ၀သ အေဂျင်စီထံမှ သိရသည်။

မနီလာ ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Iloilo ပြည်နယ် နှင့် Guimaras ပြည်နယ် တို့ ၏ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၃ ရက်တွင် ခရီးသည်တင် စက်လှေများ တိမ်းမှောက်နစ်မြုပ်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ယနေ့ ( သြဂုတ် ၄ ရက်)တွင် ပြောကြားခဲ့သည်။

ဘန်ကောက် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္ထာနီိ(Pattani) ပြည်နယ် ၊ Fatoni တက္ကသိုလ်ရှေ့ ရှိ Islamic ဘဏ်၏ ATM စက်တွင် ယနေ့ နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ သိရသည်။

မနီလာ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် သြဂုတ် ၃ ရက် နေ့လည်ပိုင်းက မိုးသက်လေပြင်းကျရောက်မှုကြောင့် ခရီးသည်တင်ရေယာဉ်သုံးစီးတိမ်းမှောက်မှုဖြစ်ပွားရာ လက်ရှိအချိန်ထိ သေဆုံးသူ လူ ၁၄ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ဟနွိုင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်ဒေသဂီယာလိုင်ပြည်နယ်၌ သြဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လူ ၄၄ ယောက်စီး ဘတ်စ်ကားတစ်စီးက လမ်းဘေးဈေးရုံတစ်ခုအား ဝင်တိုက်မိသဖြင့် ဒေသခံ ၄ ဦးသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

ဆူဗာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဖီဂျီနိုင်ငံ မြောက်ပိုင်းတွင် သြဂုတ် ၂ ရက် ညပိုင်းက ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျမှု ဖြစ်ပွား ပြီးနောက် သြဂုတ် ၃ ရက်တွင် ရုပ်အလောင်း တစ်လောင်း ရှာဖွေ တွေ့ ရှိခဲ့ကြောင်း သိရသည်။

မနီလာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းတို့ တွင် ယနေ့ သြဂုတ် ၃ ရက် အစောပိုင်းတွင် ပြင်းအား ၅.၆ နှင့် ၅ အဆင့်ရှိ ကမ်းလွန်ငလျင် နှစ်ကြိမ် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင် နှင့် မြေငလျင် ပညာရှင် အဖွဲ့ (Phivolcs) ထံမှ သိရသည်။

ဂျာကာတာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းတွင် အင်အား ၇ ဒသမ ၀ အဆင့် ရှိ ငလျင်တစ်ခုလှုပ်ရှားပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များက သြဂုတ် ၂ ရက်တွင် ဆူနာမီ ငလျင်တစ်ခု လှုပ်ရှားနိုင်ကြောင်း သတိပေးချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။  (Xinhua)