နန်နင်း ၊ မေ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးဒေသ၏ အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) နိုင်ငံများနှင့် ပြည်ပကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမသုံးလတာအတွင်း ယွမ် ၇၄.၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၇၁ ဘီလီယံခန့်)အထိ ၁၀၂.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကွမ်ရှီးဒေသရှိ နန်နင်းအကောက်ခွန်ရုံးထံမှ စာရင်းများအရ သိရသည်။
စစ်တွေ၊ မေ ၁၄ ရက် (ဆင်ဟွာ) မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေ့မြို့အတွင်း မေ ၁၄ ရက် မွန်းလွဲပိုင်းက ရပ်ကွက်တစ်ချို့တွင် ပင်လယ်ဒီရေများ ဆက်တိုက် တိုးဝင်ရောက်လာခဲ့ပြီး လူနေအိမ်တစ်ချို့ နစ်မြုပ်မှု ရှိကြောင်း ဒေသခံများထံမှ သိရသည်။ (Xinhua)
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့၌ မေ ၁၃ ရက်တွင် ၅၈ နှစ်အတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ် သောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) ဆိုင်ကလုန်း မိုခါ (Mocha) သည် ပိုမိုနီးကပ်လာသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းရှိ မြို့နယ်ခုနစ်မြို့နယ်အတွက် မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ဆင်ဟွာသို့ ပြောသည်။ ဆိုင်ကလုန်း မိုခါ (Mocha) သည်...
မဒါဂတ်စကား၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မျိုးစပ်စပါး နည်းပညာ သုတေသနစင်တာ၊ အာဖရိကဌာနခွဲကို တရုတ်နိုင်ငံ မျိုးစပ်စပါး နည်းပညာ သုတေသနစင်တာ၊ မဒါဂတ်စကား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနနှင့် ယွမ် မဒါဂတ်စတား လယ်ယာစိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ အတူ ဦးဆောင်၍ ၂၀၁၉ ခုနှစ်...
ထုန်းဟွ၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ အရှေ့ပိုင်း ကျီလင် ပြည်နယ်၊ ထုံးဟွမြို့သည် စိမ်းလန်းစိုပြေသော သစ်တောများ၊ ကြီးကျယ်ခမ်းနားသော တောင်များနှင့် သဘာဝပသာဒ ဖြစ်သော မြစ်များက လာရောက်လည်ပတ်သူများကို ဆွဲဆောင်လျက်ရှိသည်။ အဆိုပါ “သဘာဝ အစိမ်းရောင် အောက်ဆီဂျင်ဘား” က အရောင်အသွေးစုံလင်လှသော နွေဦးပန်းပွင့်များနှင့်အတူ...
ဖူရှင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်၏ စက်မှုလုပ်ငန်းအချက်အချာဖြစ်သော ဖုရှင်းခရိုင်တွင် စွန့်ပစ်မိုင်းတွင်းများကို ပန်းပင်လယ်အဖြစ် ပြောင်းလဲလျက် ဂေဟဗေဒစနစ် ပြန်လည်ထိန်းသိမ်းရေးကို တစ်ဖန်ပြန်လည်ရှင်သန်လာစေခဲ့သည်။ (Xinhua) ……………………………………………… (English Version) Abandoned mines transformed into beautiful flower...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၆.၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar ) က မေ သတင်းထုတ်ပြန်ခဲ့သည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က မေလ ၇ ရက်၌ မန္တလေးတိုင်းဒေသကြီး၊...
သဟိတ်၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်သည် နယ်သာလန်နိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် မေ ၁၀ ရက်မှ ၁၂ ရက်အထိ နယ်သာလန်သို့ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ သဟိတ်မြို့တွင် နယ်သာလန်နိုင်ငံ ဘုရင် Willem-Alexander ၊ ဝန်ကြီးချုပ် Mark Rutte...