Connect with us

Environment, Disasters & Accidents

ညောင်ဦးမြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်

ညောင်ဦးမြို့ မြစ်ရေစံချိန်သစ် ဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ-- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့၌ မေ ၁၃ ရက်တွင် ၅၈ နှစ်အတွင်း တစ်ရက်တည်း မိုးရွာသွန်းမှု အမြင့်ဆုံး ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဦးမြို့တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် ၁၆၁ မီလီမီတာဖြင့် မေ ၁၃ ရက်က စံချိန်သစ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေလတွင် မိုးရေချိန် ၁၂၁ မီလီမီတာ ရွာသွန်းခဲ့ကြောင်း မိုးလေဝသဌာနမှ သိရသည်။
“ဒီလို မိုးရေချိန် အရမ်းမြင့်သွားရတာက မုန်တိုင်းမိုးဖြစ်လို့ပါ။ မုန်တိုင်းမိုးတွေက မိုးရေချိန် အရမ်းများတတ်ပါတယ်’’ ဟု ဦးလှထွန်းကပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားနေပြီး မေ ၁၄ ရက်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ မေ ၁၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)