Connect with us

Myanmar

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၆.၄ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၆.၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar ) က မေ သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က မေလ ၇ ရက်၌ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ မန္တလေး-ကချင်ပြည်နယ် ပြေးဆွဲသည့် ဒေါနဘွားကားဝင်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် မော်တော်ယာဉ်တစ်စီးမှ နောက်တစ်စီးသို့ လွှဲပြောင်းနေသော ဆာလာအိတ်များကို ရှာဖွေခဲ့ရာ ဆပ်ပြာပုံးအတွင်း ဘိန်းဖြူ ၂၆.၄ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သံသယရှိသူ၅ဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးတန်ဖိုးမှာ ကျပ်သန်း ၆၆၀ ခန့် ရှိကြောင်း သိရသည်။

သံသယရှိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)