China
တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းက ပတ်ဝန်းကျင်အဆင့်မြှင့်တင်မှုကြားမှ ဆက်လက်အားကောင်းလျက်ရှိ

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်မှုရော ခရီးသွားဧည်သည်များ၏ သုံးစွဲမှုပါ မြင့်တက်လာခြင်းနှင့်အတူ အားကောင်းသော အရှိန်အဟုန်ကို ဆက်လက်ထိန်းထားလျက်ရှိပြီး ဗီဇာမူဝါဒများ စနစ်များနှင့် အဆင့်မြှင့်တင်ထားသော ခရီးသွားပတ်ဝန်းကျင်က အားပေးမြှင့်တင်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ခရီးသွားဧည့်သည် ၁၃၂ သန်းခန့် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း သုံးစွဲငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၉၄.၂ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ၂၀၁၉ ခုနှစ်အဆင့်များ၏ ၉၇.၂ ရာခိုင်နှုန်းနှင့် ၉၃.၅ ရာခိုင်နှုန်း အသီးသီး လွှမ်းခြုံမှုရှိခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ နိုင်ငံတကာကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူ စီကျယ်ရိက ဆင်ဟွာသတင်းဌာနက ကြီးမှူးကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်း၌ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံတွင် ခရီးသွားဧည့်သည် ခရီးစဉ်အကြိမ်ရေ ၃၅.၀၂ သန်းဖြင့် စံချိန်တင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စီကျယ်ရိက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3H2
………………..
(English Version)
(China Economic Roundtable) China’s inbound tourism continues heating up amid improving environment
BEIJING, May 19 (Xinhua) — China’s inbound tourism has maintained strong momentum, with a sharp rise in both international arrivals and visitor spending, buoyed by streamlined visa policies and an improved travel environment, according to officials.
About 132 million inbound tourists visited China in 2024, with total spending reaching 94.2 billion U.S. dollars, recovering to 97.2 percent and 93.5 percent of the 2019 levels, respectively, Shi Zeyi, an official in charge of international exchanges and cooperation at the Ministry of Culture and Tourism, said during a recent episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
In the first quarter of 2025, China recorded 35.02 million inbound tourist visits, a 19.6 percent increase compared to the same period of last year, Shi added.