Africa & Middle East
ပါကစ္စတန်ဝန်ကြီးချုပ်နှင့် အီရန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ဒေသတွင်းအခြေအနေ ဆွေးနွေး
အစ္စလာမ်မာဘတ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
ပါကစ္စတန်ဝန်ကြီးချုပ် Shahbaz Sharif နှင့် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်တို့သည် ဧပြီ ၁၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ လက်ရှိဒေသတွင်းအခြေအနေနှင့်စပ်လျဉ်းပြီး ထဲထဲဝင်ဝင်ဖလှယ်ခဲ့ကြသည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက ဧပြီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အကြီးအကဲနှစ်ဦးသည် ၄၅ မိနစ်ကြာ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး “ချစ်ကြည်ရင်းနှီးမှု” ရှိသော အခြေအနေ ရှိကြောင်း ကြေညာချက်က ဆိုထားသည်။
Shahbaz Sharif က မာဆော့ ပါဇက်ရှ်ကီရမ် ထံသို့ ၎င်းလတ်တလောကာလအတွင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူကီယဲ စသည့်ဒေသတွင်းနိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးသောအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ကြောင်း၊ အဆိုပါ အပြန်အလှန်ပြောဆိုဆက်ဆံမှုများသည် သဘောတူညီချက် စုစည်းခြင်း၊ ထိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ဆက်ဆံရေးနည်းဖြင့် စစ်ဘေးဒဏ် သင့်ဒေသအတွက် ရေရှည်ငြိမ်းချမ်းရေးအလားအလာသယ်ဆောင်လာရန် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီရန်အကြီးအကဲအလွှာက ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တီဟီရန်သို့ ခရီးစဉ်သွားရောက်သည့်ကာလအတွင်း ၎င်းတို့နှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ခြင်းကို Shahbaz Sharif က ကျေးဇူးတင်ရှိကြောင်း ဆိုခဲ့သည်။ ပါကစ္စတန်ဘက်အနေဖြင့် မိတ်ဆွေနှင့် မိတ်ဖက်တို့၏ ထောက်ခံအားပေးမှုအောက်တွင် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးအား မြှင့်တင်ရန် ဆက်လက်ခိုင်မာစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
မာဆော့ ပါဇက်ရှ်ကီရမ်က ပါကစ္စတန်ဘက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွန်းအားပေးရန်အတွက် ခိုင်မြဲသောကတိကဝတ်ပြုမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အီရန်၊ ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးသည် အနာဂတ်တွင် ဆက်လက်နက်ရှိုင်းစွာတိုးတက်လာမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုထားသည်။
အီရန်၊ အမေရိကန်သည် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်၌ ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်မည်လောကိုမူ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
ထိုနေ့တွင်ပင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty တို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ နှစ်ဖက်လုံးက အီရန်နှင့် အမေရိကန်သည် နောက်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နိုင်ရန်၊ အရှေ့အလယ်ပိုင်းဒေသမှ ပိုမိုကျယ်ပြန့်သောအတိုင်းအတာအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအား မြှင့်တင်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ (Xinhua)
——————-
(Chinese Version)
巴基斯坦总理与伊朗总统通话讨论地区局势
新华社伊斯兰堡4月19日电(记者赵曼君 杨恺)巴基斯坦总理府19日发表声明说,巴总理夏巴兹当天与伊朗总统佩泽希齐扬通电话,就当前地区局势进行深入交流。
声明说,两位领导人通话45分钟,氛围“亲切友好”。
声明说,夏巴兹向佩泽希齐扬介绍了他近期与沙特阿拉伯、卡塔尔和土耳其等地区国家领导人会晤的情况。他表示,这些互动对于凝聚共识、继而推动以对话和外交途径为饱受战争蹂躏的地区带来持久和平前景起到重要作用。
夏巴兹感谢伊朗领导层在巴陆军参谋长穆尼尔率领代表团访问德黑兰期间与其进行建设性对话。他强调,巴方将在朋友和伙伴支持下,继续坚定致力于促进地区和平与安全。
声明说,佩泽希齐扬感谢巴方为推动和平进程作出坚定承诺,并表示伊巴两国关系将在未来持续深化发展。
声明没有提及伊美是否会在巴首都伊斯兰堡举行第二轮谈判。
同一天,巴基斯坦外交部发表声明说,巴副总理兼外交部长达尔与埃及外长阿卜杜勒阿提通电话。双方均表示希望伊朗与美国能成功举行下一轮谈判,促进中东地区乃至更大范围的和平与稳定。(完)
图说:这是4月10日在巴基斯坦伊斯兰堡拍摄的美伊会谈的大型户外广告牌。新华社发(艾哈迈德·卡迈勒 摄)
