Asia
၁၅ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကွာလာလမ်ပူမြို့၌ ကျင်းပ

ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
၁၅ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် ဝမ်ရိက ယခုနှစ်သည် အရှေ့အာရှထိပ်သီးအစည်းအဝေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်နှစ်ဖြစ်ရာ ဘက်အသီးသီးအနေဖြင့် ယင်းအားအခွင့်အလမ်းအဖြစ်သတ်မှတ်ပြီး နားလည်ယုံကြည်မှု တိုးတက်ရန်၊ တည်ငြိမ်အေးချမ်းရေး ကာကွယ်ထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်သာယာဝပြောမှုကို မြှင့်တက်ရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အကြံပြုချက် ၃ ရပ် အဆိုပြုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပထမအနေဖြင့် ဆွေးနွေးမှုဆီသို့ ပြန်လည်ရောက်ရှိရမည်ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေး၏ မူလရည်မှန်းချက်မှာ အပြုသဘောဆောင်သော ဆွေးနွေးမှု လုပ်ဆောင်ကာ မဟာဗျူဟာအပြန်အလှန် ယုံကြည်မှုတိုးတက်ရန်ဖြစ်ကြောင်း၊ သို့သော် အချို့သော ဒေသတွင်း ပြင်ပမှနိုင်ငံများသည် လတ်တလောနှစ်များတွင် လမ်းကြောင်းမှ သွေဖည်ကာထိပ်သီးအစည်းအဝေး ပလက်ဖောင်းကို ထင်သလို အသုံးချကာ သဘောထားကွဲလွဲမှုများ လှုံ့ဆော်ခြင်း၊ အခြားနိုင်ငံများအား တိုက်ခိုက်ခြင်းနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ ဘက်အသီးသီးအနေဖြင့် အပြန်အလှန်လေးစားမှု၊ စေတနာထားသော ညှိနှိုင်းဆွေးနွေးမှုဖြင့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အာရုံစူးစိုက် တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ ယခုနှစ် ထိပ်သီးအစည်းအဝေးတွင် ထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်ကြေညာချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ပြီး ထိပ်သီးအစည်းအဝေး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်လမ်းညွှန်ပေးခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ပြန်လည်ရောက်ရှိရမည်ဖြစ်ကြောင်း၊ ဤအကြီးဆုံး ဘုံဆခွဲကိန်းကို အာရုံစိုက် ဖွံ့ဖြိုးတိုးတက်စေပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရှေ့အာရှဒေသမှ ပြည်သူများအား ကောင်းမွန်သော လူနေမှုဘဝဖြတ်သန်းနိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် ရေတိုသာကြည့်ပြီး အန္တရာယ်ရှိရာ ဘက်အသီးသီး၏ အကောင်းဆုံးရွေးချယ်မှုမှာ ပူးပေါင်းဆောင်ရွက်မှုကိတ်မုန့်အား ပိုမိုကြီးမားစေပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုရလဒ်များကို အတူမျှဝေခံစားခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ အရှေ့အာရှထိပ်သီးအစည်းအဝေး လှုပ်ရှားမှုအစီအစဉ်ကို လက်တွေ့ဖော်ဆောင်ကာ ဒေသတွင်း စွမ်းအားများ တိုးတက်လာစေရန် လှုံ့ဆော်ပေးလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တတိယအနေဖြင့် တံခါးဖွင့်လှစ်မှုဆီသို့ ပြန်လည်ရောက်ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အရှေ့အာရှပူးပေါင်းဆောင်ရွက်၏ အကျိုးရှိသော အတွေ့အကြုံမှာ တံခါးဖွင့်လှစ်မှုရှိသော ဒေသတွင်းမူဝါဒကို လက်တွေ့ဖော်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ အဓိကဦးဆောင်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ထောက်ခံအားပေးကာ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အခိုင်အမာ ကာကွယ်ပြီး အဆင့်မြင့် ဒေသတွင်း လွတ်လပ်သောကုန်သွယ်မှုကွန်ရက် တည်ဆောက်၍ ဒေသတွင်းတစ်သားတည်းအသွင်ပြောင်း တည်ဆောက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်အေးအတွေးအခေါ်၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ဒေသတွင်းသို့ သယ်ဆောင်လာခြင်းကို ကန့်ကွက်ကြောင်း၊ “တစ်စင်ထောင်ခြင်း”၊ တံခါးပိတ်၍ အခြားသူအား ဖယ်ကြဉ်သော “အသိုက်အဝန်းငယ်” တည်ဆောက်ခြင်းတို့ကို ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားဒေသ အခြေအနေတင်းမာရသည့် အခြေခံအကြောင်းရင်းမှာ “ထိုင်ဝမ်ခွဲထွက်ရေး” တစ်နေ့တစ်ခြား ဆိုးရွားလာသော ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပြင်ပအင်အားစုများ၏ ထင်သလို ပံ့ပိုးကူညီမှုများကြောင့် ဖြစ်ကြောင်း၊ လူတချို့က ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရမည်ဟုဆိုရာ အကယ်၍ ထိုင်ဝမ်ရေလက်ကြားဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ် ဂရုစိုက်ပါက “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစု ကြီးမားလာခြင်းကို အခိုင်အမာ တားဆီးရမည်ဖြစ်ကြောင်း၊ လူတချို့က ထိုင်ဝမ်ရေလက်ကြားဒေသလက်ရှိအခြေအနေကို မပြောင်းလဲရန် အဆိုပြုရာ ထိုင်ဝမ်နှင့် ပြည်မကြီးတို့ တရုတ်နိုင်ငံတစ်ခုတည်းအတွင်းတည်ရှိခြင်းသာလျှင် ထိုင်ဝမ်ရေလက်ကြားဒေသ၏ အခြေခံအကျဆုံး လက်ရှိအခြေအနေဖြစ်ကြောင်း ဝမ်ရိက အလေးအနက် ပြောကြားခဲ့သည်။
မိမိ၏ ပင်ကိုအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိန်းသိမ်းကာကွယ်ခြင်းသည့် နိုင်ငံတိုင်း၏ မြင့်မြတ်သော သမိုင်းပေးတာဝန်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်၍ အခိုင်အမာ ပြတ်ပြတ်သာသား လက်ကိုင်ထားပြီး “ထိုင်ဝမ်ခွဲထွက်ရေး” မည်သည့်ပုံစံကိုမဆို ကန့်ကွက်ကာ တရုတ်နိုင်ငံ ပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံအားပေးရန် မျှော်လင့်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့အပြင် ဝမ်ရိက တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ လေးနက်ခိုင်မာသော သဘောထားကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဝမ်ရိသည် အာဆီယံဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်၍ သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဆက်လက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
……………………
(Chinese Version)
第15届东亚峰会外长会在吉隆坡举行
新华社吉隆坡7月11日电(记者王嘉伟 毛鹏飞)2025年7月11日,第15届东亚峰会外长会在吉隆坡举行,中共中央政治局委员、外交部长王毅出席并发言。
王毅表示,今年是东亚峰会成立20周年,各方应以此为契机,增进理解信任、维护和平稳定、促进发展繁荣。中方提出三点建议:
一是回归对话。峰会初衷就是开展建设性对话,增进战略互信。但个别域外国家近年来偏离轨道,动辄利用峰会平台炒作分歧、攻击他国、干涉内政。希望各方能够相互尊重、善意沟通,集中精力增进了解与合作。中方支持今年峰会发表关于成立20周年的纪念宣言,为峰会未来发展指明方向。
二是回归发展。要聚焦发展这一最大公约数,通过务实合作,努力让东亚地区人民过上好日子。单边主义、保护主义是短视和危险的,各方的最好选择是做大合作蛋糕,共享发展成果。中方愿同各方一道,落实东亚峰会行动计划,激发区域增长活力。
三是回归开放。东亚合作的有益经验就是践行开放的区域主义。我们支持东盟主导的区域合作架构,坚定捍卫多边贸易体系,打造高水平区域自贸网络,推进区域一体化建设。我们反对将冷战思维、阵营对抗引入本地区,反对“另起炉灶”搞封闭排他“小圈子”。
王毅强调,台海局势紧张的根源是“台独”日益猖獗的分裂行径和外部势力纵容支持。有人声称要维护台海稳定,如果真的在乎台海和平稳定就要坚决制止“台独”势力坐大。有人提出不要改变台海现状,而台湾和大陆同属一个中国才是台海最根本的现状。维护自身主权和领土完整是每个国家的神圣使命。希望各国继续旗帜鲜明坚持一个中国原则,反对任何形式的“台独”,支持中国统一大业。
王毅并就南海问题阐明中方严正立场。
同日,王毅出席东盟地区论坛外长会并继续同有关国家外长会见。(完)
图说:7月11日,第15届东亚峰会外长会在吉隆坡举行,中共中央政治局委员、外交部长王毅出席并发言。新华社发(张纹综摄)