Connect with us

Asia

တာကာအိချိက ဂျပန်နိုင်ငံအား “စစ်မက်နိုင်ငံ” ဖြစ်လာစေရန် ဦးဆောင်နေသည်ဟု ဂျပန်အတိုက်အခံပါတီများ ဝေဖန်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသော ပြောကြားချက်၊ ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်လာမှု စသည့် လှုပ်ရှားမှုများစွာသည် ဂျပန်နိုင်ငံ နယ်ပယ်အသီးသီး၏ စိုးရိမ်ပူပန်မှုနှင့် ဝေဖန်မှုများ ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီရက်တွင် ဂျပန်အတိုက်အခံပါတီများက တာကာအိချိသည် ဂျပန်နိုင်ငံအား “စစ်မက်နိုင်ငံ” ဖြစ်လာစေရန် ဦးဆောင်နေသည်ဟု ဝေဖန်ခဲ့ကြသည်။

ဂျပန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲ Mizuho Fukushima နှင့် ဂျပန်ကွန်မြူနစ်ပါတီကော်မတီဥက္ကဋ္ဌ Tomoko Tamura နှင့် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဦးလုံးက တာကာအိချိအစိုးရ အနေအထားကို “ဒုတိယကမ္ဘာစစ်အပြီး အန္တရာယ်အရှိဆုံး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအစိုးရ” အဖြစ် ဖော်ပြခဲ့ကြသည်ဟု ဂျပန် “Shakai Shimpo” သတင်းစာ၏ ဇန်နဝါရီ ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။

Tomoko Tamura က တာကာအိချိ ထုတ်ဖော်ပြောဆိုခဲ့သော ထိုင်ဝမ်နှင့်ပတ်သက်သည့် မှတ်ချက်များသည် အလွန်အန္တရာယ်များပြီး တရုတ်-ဂျပန်ဆက်ဆံရေးတွင် ဆိုးရွားသော အခြေအနေကိုဖြစ်ပေါ်စေခဲ့သလို တစ်ချိန်တည်းမှာပင် တာကာအိချိအစိုးရ၏ ထိရောက်သောသံတမန်ရေးစွမ်းရည် မရှိမှုကိုလည်း ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ Mizuho Fukushima က တာကာအိချိအစိုးရအား ဆင်ခြင်မှုမရှိ အထိန်းအကွပ်မဲ့စွာ လုပ်ဆောင်ပြီး ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကြောင်း ပြောကြားခဲ့သည်။ Tamura နှင့် Fukushima တို့သည် တာကာအိချိအား ထိုင်ဝမ်နှင့်ပတ်သက်သည့် ပြောဆိုချက်များကို မဖြစ်မနေ ရုပ်သိမ်းရမည်ဟု ယူဆကြသည်။

ဂျပန်ကာကွယ်ရေး ဘတ်ဂျက်သည် စဉ်ဆက်မပြတ် စံချိန်သစ်ချိုးခဲ့ခြင်းအပေါ် Tamura က ကာကွယ်ရေး ဘတ်ဂျက်သည် ပုံမှန်မဟုတ် တိုးတက်လာခြင်းသည် လူနေမှုဘဝ သက်ဆိုင်ရာဘတ်ဂျက်များကို ဖိအားပေးလျက်ရှိရာ တာကာအိချိအစိုးရ၏ အန္တရာယ်များမှုကို လူနေမှုအသိုင်းအဝိုင်းထံ အမှန်အတိုင်း ချပြသင့်ကြောင်း ပြောကြားခဲ့သည်။ Fukushima က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ အာဏာရမိတ်ဖက်ဖြစ်သော ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) သည် ဆေးကုသရေး ကုန်ကျစရိတ်များ လျှော့ချရန်လည်း အဆိုပြုခဲ့ကြရာ ယင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဝန်ထုပ်ဝန်ပိုးကို တိုးမြင့်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကြီးဆုံး အတိုက်အခံပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း Yoshihiko Noda က တာကာအိချိအစိုးရ၏ ပြောဆိုချက်အများအပြားသည် လေးလေးနက်နက် စဉ်းစားဆင်ခြင်မှုမရှိဘဲ အန္တရာယ်ရှိသည်ဟု ခံစားရစေကြောင်း ၎င်းပါတီဌာနချုပ်တွင် ပြောကြားခဲ့သည်ဟု ဂျပန် Kyodo News ၏ ဇန်နဝါရီ ၅ ရက် အခြားသတင်းတစ်ခုအရ သိရသည်။ ၎င်းအနေဖြင့် တာကာအိချိအစိုးရနှင့် လက်တွေ့အခိုင်အမာ “ထိပ်တိုက်ရင်ဆိုင်” သွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………………..
日本在野党批评高市将日本引向“战争国家”
新华社东京1月8日电(记者陈泽安 李子越)日本首相高市早苗发表涉台错误言论、大幅增加防卫费等一系列动向继续引发日本各界担忧和批评。日本在野党近日批评高市将日本引向“战争国家”。
据日本《社会新报》6日报道,日本社民党党首福岛瑞穗和日本共产党委员长田村智子日前举行对话,两人将高市政权定位为“第二次世界大战后最危险的自民党政权”。
田村说,高市发表的涉台言论极其危险,并在日中关系中引发严重事态,同时也暴露出高市政权缺乏有效的外交能力。福岛表示,高市政权肆意妄为,无视日本宪法。福岛和田村一致认为,必须让高市撤回相关涉台言论。
针对日本防卫预算不断创历史新高,田村表示,防卫预算异常增长挤压民生相关预算,应当真实地向社会揭示高市政权的危险性。福岛批评说,自民党的执政伙伴日本维新会还主张削减医疗费,这将加重个人负担。
另据日本共同社5日报道,最大在野党立宪民主党党首、日本前首相野田佳彦当天在该党总部表示,高市政权的很多发言缺乏深思熟虑,让人感到危险。他表示,将切实与高市政权“对峙”。(完)
图说:11月28日,民众在日本东京的首相官邸外参加抗议活动。新华社记者 贾浩成 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.