Asia
ရေနံထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရုရှားနှင့် ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း မလေးရှားဝန်ကြီးချုပ် ဆို
ကွာလာလမ်ပူ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီအနေဖြင့် နိုင်ငံ၏ စွမ်းအင်သိုလှောင်မှု လုံလောက်စွာရှိစေရန်အတွက် ရေနံထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရုရှားနှင့် ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိစီးပွားရေးအခြေအနေအရ ဥရောပနိုင်ငံများစွာသည် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ဖူးသော်လည်း ယခုအခါ ရုရှားရေနံကို အပြိုင်အဆိုင် ဝယ်ယူနေကြရာ မလေးရှားနိုင်ငံ၏ ဤလုပ်ဆောင်ချက်သည် ကျိုးကြောင်းဆီလျော်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။
မကြာသေးမီက ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ၏ မလေးရှားခရီးစဉ်အတွင်း နှစ်ဖက်သည် ဓာတ်ဆီ၊ ဒီဇယ်နှင့် ဓာတ်မြေဩဇာထောက်ပံ့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း အန်ဝါက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် ရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်သော်လည်း ၎င်းပြည်တွင်း ရေနံစိမ်းထုတ်လုပ်မှုပမာဏသည် လိုအပ်ချက်ကို ပြည့်မီရန် များစွာလိုအပ်နေသေးသဖြင့် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တင်သွင်းမှုအပေါ် ကာလရှည်ကြာ မှီခိုခဲ့သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ခဲ့ရကာ မလေးရှား စွမ်းအင်ထောက်ပံ့မှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ (Xinhua)
…………………………
(Chinese Version)
马来西亚总理说可与俄罗斯就石油供应展开谈判
新华社吉隆坡4月19日电(记者袁睿 何光海)马来西亚总理安瓦尔18日说,马来西亚国家石油公司可与俄罗斯就石油供应展开谈判,以确保本国能源储备足以满足需求。
安瓦尔表示,当前经济形势下,许多欧洲国家虽曾对俄制裁,如今也在竞相采购俄罗斯石油,因此马方此举合情合理。
安瓦尔还表示,澳大利亚总理阿尔巴尼斯近日访马期间,双方就汽油、柴油及化肥供应等合作事宜进行了磋商。
马来西亚是产油国,但其国内原油产量远不能满足需求,长期依赖进口填补缺口。由于中东战事引发全球能源价格波动,马来西亚能源供应面临挑战。(完)
图说:这是2024年1月29日在马来西亚吉隆坡拍摄的马来西亚国家石油公司双塔(左)。新华社记者程一恒摄
