ဟေးလုံကျန်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်ခွင်တွင် နိုဝင်ဘာ ၅ ရက်မှစ၍ လေပြင်းတိုက်ခတ်ခြင်းများနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုများဖြင့် အအေးလှိုင်းဖြတ်သန်းမှုကို ကြုံတွေ့နေရသည်။
ဂါဇာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အရှိန်မြင့် လာသည်နှင့်အမျှ ပို၍ဆိုးရွားလာခဲ့ကြောင်း သိရသည်။ဂါဇာကမ်းမြောင်ဒေသရှိ ဒေသခံများသည် သန့်ရှင်းသောရေ ရရှိမှု ပြတ်လပ်မှုများ ဆိုးရွားစွာ ကြုံတွေ့ရချိန်တွင် နေ့စဉ်အသုံးပြုရန် ပင်လယ်ရေကို အသုံးပြုနေရကြောင်း သိရသည်။ (Xinhua) ————————–...
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) နီပေါနိုင်ငံအနောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက်ညပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis အား ပေကျင်းမြို့၌ နိုဝင်ဘာ ၃ ရက်က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီးဖြစ်သည့် “Adora Magic City” အား ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ပွဲဦးထွက်ခရီးစဉ်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ပြည်တွင်းမှာရှိသည့် သိုလှောင်ရုံများ လွယ်ကူလျင်မြန်စွာ စိစစ်မှတ်ပုံတင်နိုင်ရေး၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း လုပ်ငန်း နှင့် ဆန်စက် မှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများကို Digital Platform ဖြင့် ဆောင်ရွက်မည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO...
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ပထမ ၉ လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၈၈၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ဆင်ဟွာသို့ ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် အောက်တိုဘာ ၂၆ ရက်က ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ သတင်းမီဒီယာတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၇ အာကာသယာဉ်နှင့် လိုက်ပါသွားသော အာကာသယာဉ်မှူး ၃ ဦးတို့သည် အာကာသစခန်းအတွင်း ဝင်ရောက်သွားခဲ့ပြီဖြစ်ကာ အောက်တိုဘာ ၂၇ ရက်တွင် အခြားအာကာသယာဉ်မှူး ၃ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း တာဝန်လွှဲပြောင်းမှုအသစ်များ စတင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီ ဆေးပြား၊ Happy Water...