Connect with us

News

မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး
GREAT CAIRO CLUB စီစဉ်သော GCC FIGHT ONE မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် ပွဲစဉ် ၉ ပွဲ ပါဝင်ခဲ့ပြီး ၅ ချီစိန်ခေါ်ပွဲ နှစ်ပွဲ အဖြစ် သန့်ဇင်(တော်ဝင်ဧရာ) နှင့် ထိုင်းနိုင်ငံသား အနွန် ၊ ထွန်းမင်းအောင် နှင့် ထိုင်းနိုင်ငံသား ပီသက်တို့က ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ ယင်းပွဲစဉ်များတွင် ထွန်းမင်းအောင်နှင့် သန့်ဇင်တို့က အနိုင်ရရှိခဲ့ကြသည် (Xinhua)