ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၃ ခုမှ ပြည်သူ ၇၁,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရကြောင်း သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုစင်တာ (DMC) က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများကြောင့်...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပဲခူးမြို့ရှိ ကုန်းမြင့်ပိုင်း ရပ်ကွက်များသို့ပါ ရေများတဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိကာ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများလည်း အလျင်မီအောင် လှေနှင့်သွားရောက် ကယ်ဆယ်လျက်ရှိသည်။
ဂါဇာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်လျက်ရှိသကဲ့သို့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ဂါဇာဒေသ၌ ဒေသခံ ၁၀၀,၀၀၀ ကျော်လည်း ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua) —————————- GLOBALink | On site in Gaza:...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံမှ ဖြတ်ကျော်လာသော စစ်သွေးကြွများနှင့် ဖြစ်ပွားသောတိုက်ခိုက်မှုအတွင်း အစ္စရေး ကြည်းတပ် ဒုတိယဗိုလ်မှူးချုပ် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ပဲခူးမြို့တွင် ရေများဝင်ရောက်လာသည့်အတွက် လူဦးရေ ၁၄,၃၀၄ ဦးကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်းပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂:၂၁ နာရီတွင်...
အာဖဂန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဟာရတ်ပြည်နယ်နှင့် အခြားအနောက်ပိုင်းပြည်နယ်များတွင် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၂၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁,၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် ကျောက်တုံးနမူနာများ စုဆောင်းခြင်းမှတစ်ဆင့် ဟိမဝန္တာတောင်တန်း၏ ဖွဲ့စည်းဖြစ်ပေါ်မှုအားလုံးကို လေ့လာရန် ကမ္ဘာ့ဆဋ္ဌမမြောက်အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် Cho Oyu တောင်ထိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua) #China #Scientists #Himalayas #တရုတ်နိုင်ငံ #သိပ္ပံပညာရှင် #ဟိမဝန္တာတောင်တန်း ———————- Chinese...
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လနီးပါးကာလအတွင်း ပဲတီစိမ်း ၂၃၉,၁၉၁ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။