Connect with us

Videos

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားပြီး လူ ၁၂၀ ဦးထက်မနည်း သေဆုံး ၊ ၁,၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိ

အာဖဂန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဟာရတ်ပြည်နယ်နှင့် အခြားအနောက်ပိုင်းပြည်နယ်များတွင် မြေငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၂၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁,၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ငလျင်လှုပ်ခတ်မှုများကြောင့် ဟာရတ်ပြည်နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။အာဖဂန်နစ္စတန်နိုင်ငံ၌ အောက်တိုဘာ ၇ ရက်တွင် အင်အား ၆.၂ အဆင့်ရှိ မြေငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာထံမှ သိရသည်။

ဘေးဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးအသင်းများအား စေလွှတ်ထားပြီး ငလျင်ဒဏ်ခံစားရသူများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် အစိုးရတာဝန်ရှိသူများက အကူအညီပေးရေး အေဂျင်စီများနှင့်အတူ ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

———————–
At least 120 dead, around 1,000 injured following earthquakes in west Afghanistan
According to local officials, at least 120 people were killed and around 1,000 others injured as earthquakes shocked Afghanistan’s Herat and other western provinces.
12 villages in Herat were destroyed due to the quakes.
According to the China Earthquake Networks Center, two earthquakes with a magnitude of 6.2 jolted Afghanistan on Saturday.
Rescue teams have been sent to the affected areas and government officials have been instructed to coordinate efforts with aid agencies to supply humanitarian assistance to the quake-affected families.
Xinhua News Agency correspondents reporting from Herat, Afghanistan.(XHTV)