မော်စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ Facebook နှင့် Instagram အား တားမြစ်ပိတ်ပင်ရန် မတ် ၂၁ ရက်တွင် မော်စကိုတရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ယင်းလူမှုကွန်ရက်နှစ်ခု၏ ပင်မကုမ္ပဏီ Meta Platforms Inc. အား အစွန်းရောက်ဝါဒ ဟု တံဆိပ်ကပ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အားကောင်းသောမုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်၍ အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အနီရောင်အဆင့်ဖြစ်သောကြောင့် မုန်တိုင်းဖြတ်သန်းမည့်နေရာတွင် နေထိုင်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့...
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်နေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မတ် ၂၀ ရက် နေ့လည်ပိုင်းတွင် ထုတ်ပြန်သည့်...
ပေကျင်း ၊ မတ် (၂၀) ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက် ညနေပိုင်းတွင် အန်းဟွေးပြည်နယ်Tunxi ၌ သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် တရုတ် နှင့် အမေရိကန် သမ္မတတို့ ၏ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်ဆံရေးတွင် တိုးတက်မှုရရှိစေရန် ဦးဆောင်ဦးရွက်အစပျိုးလုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်ဇာဗီယာဘတ်တဲလ်( Xavier Bettel ) နှင့် မတ် ၁၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် “ ယူကရိန်းနိုင်ငံမှာ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ခံနိုင်စရာမရှိတဲ့ သဘောသဘာဝပဲ“ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီး မီးလောင်ကာ ကလေးငယ် ၂ဦး အပါအဝင် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်များနည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လက်ထောက်ဌာနမှူး၊ ဦးအောင်မြင်ခန့်က ဆင်ဟွာသို့ ယနေ့ မတ်...
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) “တရုတ်လူမှုသိပ္ပံအကယ်ဒမီ ရှေ့ဟောင်းသုတေသနဖိုရမ် -၂၀၂၁ ခုနှစ် တရုတ်ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုအသစ်” ကို မတ် ၁၈ ရက်က တရုတ်နိုင်ငံ သမိုင်းသုတေသနဌာနတွင် ကျင်းပခဲ့သည်။