နန်ကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့တွင် မကြာသေးမီက COVID-19 ထပ်မံဖြစ်ပွားမှု အသစ်တွေ့ရှိခဲ့သဖြင့် စစ်ဆေးမှုအပိုင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် CT scanner ပါ ရွေ့လျားမော်တော်ယာဉ်အသုံးပြု၍ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။ ရွေ့လျားမိုဘိုင်းစစ်ဆေးရေးယာဉ်မှာ မြို့အချင်းချင်းလွယ်ကူစွာကူးလူးမောင်းနှင်စစ်ဆေးနိုင်ရန် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ယာဉ်တွင် ဝန်ထမ်းများအတွက် ဝင်ပေါက်တစ်ခု နှင့် သံသယ...
ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သေးကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) အလွန်ကူးစက်မြန်သော Delta မျိုးဗီဇပြောင်းပိုးကြောင့် COVID-19 ရောဂါ နောက်ဆုံးပြန်လည်ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံရှိ ဒေသတွင်းတာဝန်ရှိသူများက အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုများအား အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အနောက်မြောက်ပိုင်း Manikganj ခရိုင်ရှိ ဈေးတန်းကြီးတစ်ခုတွင် လက်လုပ်ရိုးရာသစ်သားလှေ အများအပြားကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
ဗျူနိုအေးစ်အဲရစ် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) အာဂျင်တီနားဘောလုံးအသင်းခေါင်းဆောင် လီယိုနယ်မက်ဆီသည် (ဆယ်စုနှစ် ၂ ခု )နှစ်ပေါင်း ၂၀ ကျော်ကြာ ပါဝင်ကစားခဲ့သည့် ဘာဆီလိုနာအသင်းမှ ထွက်ခွာတော့မည့် မယုံနိုင်ဖွယ် စိတ်မကောင်းဖွယ် သတင်းကို အာဂျင်တီးနားမီဒီယာက ရေးသား ဖော်ပြခဲ့သည်။
အက်တာနာ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) China Three Gorges Corporation(CTG)လက်အောက်ရှိ China International Water & Electric Corp. (CWE)မှ တာဝန်ယူတည်ဆောက်ပေးသည့် ကာဇက်စတန်နိုင်ငံ Turguson ရေအားလျှပ်စစ်စက်ရုံသည် ပြီးခဲ့သည့်ရက်က ယူနစ်အားလုံး လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး အရေအတွက် ၂ ဘီလီယံ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း နှင့် COVAX အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ထည့်ဝင်သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်၏ ပထမအကြိမ်အစည်းအဝေးသို့...
ဟူနန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ခရီးသွားဧည့်သည်များစွာလာရောက်လည်ပတ်လေ့ရှိသည့် ဟူနန်ပြည်နယ်တွင် COVID-19 အသစ်ထပ်မံကူးစက်ခံရမှုများပေါ်ပေါက်လာပြီးနောက် ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာအစီအမံများကိုတင်းကြပ်စွာလုပ်ဆောင်နေသည်များကို ဆင်ဟွာမှသွားရောက်လေ့လာရိုက်ကူးခဲ့ပါသည်။ (Xinhua) …………………………….. (English Version) GLOBALink | How is China’s Hunan responding to COVID-19...
ကိုင်ရို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံရှိ အပန်းဖြေမြို့ဖြစ်သည့် New Alamein မြို့တွင် ခရီးသွားများအား ဆွဲဆောင်ရန် အီဂျစ်နိုင်ငံသားလူငယ်တစ်ဦးနှင့် မိတ်ဆွေနှစ်ဦးတို့ ပူးပေါင်းကာ ပြိုင်ကားပုံဒီဇိုင်းထုတ်ထားသည့် ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်များအားတီထွင်ခဲ့ကြသည်။ ပြိုင်ကားပုံ ဂျက်အင်ဂျင်တပ် အပျော်စီးရေယာဉ်ထုတ်လုပ်ရေးစီမံကိန်းအားစတင်သူ Karim Amin က “ကျွန်တော် နိုင်ငံခြားမှာနေခဲ့တာဆိုတော့...