ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနက္ခတ္တဗေဒပြတိုက်တွင် တရုတ်အာကာသစခန်းပင်မခန်း Tianhe၏ပုံစံငယ်အား ပြသထားသည်။
ချင်းသောင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မြန်နှုန်းမြင့် သံလိုက်ရထားတစ်စင်းကို ယနေ့ ဇူလိုင် ၂၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ ရထားသည် တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ မြန်နှုန်းဖြင့်မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ရာ လက်ရှိ ကမ္ဘာ့ အမြန်ဆုံး ရထားအဖြစ် တည်ရှိနေသည်။ ၎င်းရထားကို...
အတွင်းမွန်ဂိုလီးယား၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hulunbuir တွင် တောမီးငြှိမ်းသတ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကျွမ်းကျင်မှုပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲသည် မီးသတ်ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု နှင့် ကိုယ်ကာယ ကြံ့ခိုင်မှုကို အဓိက စစ်ဆေးသည့်ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ မီးသတ်ဝန်ထမ်းများက တောင်စောင်းများပေါ်သို့ အပြေးတက်ရောက်ရခြင်း၊ လယ်ကွင်းများတွင်ရေပန့်များ ဖယ်ရှားရခြင်း၊...
ဟဲဖေ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ မြန်နှုန်းမြင့်ရထားများဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် တွင်ကျယ်လျက်ရှိရာ မြန်နှုန်းမြင့်ရထားများပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် သောက်သုံးရေ စီစဉ်ထားရှိမှုများကို သိရှိရန် ဆင်ဟွာမှသွားရောက်ရိုက်ကူးထားခြင်းဖြစ်ပါသည်။ စမတ်နည်းပညာများကို အသုံးပြုကာ သောက်သုံးရေများအား ဘေးကင်းမှုရှိစေရန်၊ သန့်ရှင်းမှုရှိစေရန်နှင့် လွယ်ကူစွာသောက်သုံးနိုင်ရန် မည်သို့ပြုလုပ်ထားသည်ကို အောက်ပါvideo...
တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက COVID-19 ရောဂါ ပျံနှံ့နေသည့်ကြားမှ တိုကျိုအိုလံပစ် အားကစားပွဲများအား အောင်မြင်စွာ ပြုလုပ်နိုင်ရန် ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့သည်။
စူးကျိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် စူးကျိုးမြို့တွင် ကျောက်မီးသွေးတူးဖော်ရေးနေရာအထက်၌ ရေပေါ်နေရောင်ခြည်စွမ်းအင်ထုတ်စက်ရုံ ကိုတည်ဆောက်ထားကြောင်းသိရသည်။ မကြာသေးမီနှစ်များက စူးကျိုးမြို့တွင် ဂေဟဗေဒ ပြန်လည်ထိန်းသိမ်းရေးကိုအထောက်အပံ့ဖြစ်စေမည့် စိမ်းလန်းသောစွမ်းအင် ထုတ်လုပ်ရေးကို ပြန်လည် အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua) ………………………… (English Version) GLOBALink | Solar...
ရှီးကျားကျွမ်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ပေကျင်း-ထန်ရှန်း မြို့ချင်းဆက်ရထားလမ်းပိုင်း၏ ဒုတိယမြောက်အပိုင်း ၌ ရထားသံလမ်းအောက်ခံဆက်ကြောင်းများ မပါဘဲ ရက်မအပိုင်းများတပ်ဆင်ရာတွင် နောက်ဆုံးရက်မအား ပြီးခဲ့သည့် ကြာသပတေးနေ့က တပ်ဆင်ပြီးစီးခဲ့သည်။ ယခုဖောက်လုပ်နေသည့် ရထားလမ်းပိုင်းမှာ ပေကျင်း-ဟာအယ်ပင်း အမြန်လမ်းပေါ်ရှိ အကြီးဆုံး တံတားကြီးအား ဖြတ်သန်းဖောက်လုပ်နေခြင်းလည်းဖြစ်သည်။ ဒုတိယမြောက်အပိုင်းတွင် ရထားသံလမ်းအောက်ခံဆက်ကြောင်းများမပါဝင်သည့် ရက်မအပိုင်း...
တိုကျို ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသမီးဂျွမ်းဘားအသင်းမှ အိုလံပစ် အရံကစားသမား Kara Eaker သည် တိုကျိုမြို့အနီး လေ့ကျင့်ရေးစခန်းတစ်ခု၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ်ဘုရားဖူးရာသီတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါနှင့် အခြား ကူးစက်တတ်သောရောဂါများမှ ကင်းလွတ်သည်ဟု ကြေညာခဲ့ကြောင်း Al Ekhbariay ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ဒမတ်စကက်စ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များကို ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SANA နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။