Connect with us

Media

ရထားသံလမ်းအောက်ခံဆက်ကြောင်းမပါဘဲ ရက်မပိုင်းများတပ်ဆင်ခြင်း

ရှီးကျားကျွမ်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ပေကျင်း-ထန်ရှန်း မြို့ချင်းဆက်ရထားလမ်းပိုင်း၏ ဒုတိယမြောက်အပိုင်း ၌ ရထားသံလမ်းအောက်ခံဆက်ကြောင်းများ မပါဘဲ ရက်မအပိုင်းများတပ်ဆင်ရာတွင် နောက်ဆုံးရက်မအား ပြီးခဲ့သည့် ကြာသပတေးနေ့က တပ်ဆင်ပြီးစီးခဲ့သည်။ ယခုဖောက်လုပ်နေသည့် ရထားလမ်းပိုင်းမှာ ပေကျင်း-ဟာအယ်ပင်း အမြန်လမ်းပေါ်ရှိ အကြီးဆုံး တံတားကြီးအား ဖြတ်သန်းဖောက်လုပ်နေခြင်းလည်းဖြစ်သည်။

ဒုတိယမြောက်အပိုင်းတွင် ရထားသံလမ်းအောက်ခံဆက်ကြောင်းများမပါဝင်သည့် ရက်မအပိုင်း စုစုပေါင်း ၂၂၁ ပိုင်းရှိပြီး အဆိုပါ အပိုင်းအားလုံးကို တပ်ဆင်ပြီးစီးပြီဖြစ်ကာ သံလမ်းချထားရန် အောက်ခြေကို အခိုင်အမာ စတင်တည်ဆောက်နေပြီဖြစ်သည်။

ပေကျင်းမြို့နှင့် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ ပြည်နယ် ရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ထန်ရှန်းမြို့အကြား ချိတ်ဆက်ဖောက်လုပ်သည့် မြို့ချင်းဆက်ရထားလမ်း၏ အရှည်မှာ ၁၄၈.၇၄ ကီလိုမီတာရှိပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင်ရန်ဒီဇိုင်းထုတ်လုပ်တည်ဆောက်ထားသည်။

ပေကျင်း-ထန်ရှန်းမြို့ချင်းဆက်ရထားလမ်းတစ်လျှောက်တွင် ဘူတာရုံ ၈ ခုရှိပြီး ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေး အထိမ်းအမှတ်စီမံကိန်းတစ်ခုဖြစ်ကြောင်း နှင့် ၂၀၂၂ ခုနှစ် တွင် စတင်ပြေးဆွဲရန်လျာထားကြောင်းသိရသည်။ (Xinhua)

…………………………………….
(English Version)

Ballastless box girder installation along N China’s Beijing-Tangshan intercity railway completed

SHIJIAZHUANG, July 19 (Xinhua) — Construction of the last ballastless box girder along the second section of the Beijing-Tangshan intercity railway was completed on Thursday, across the super-grand bridge of the Beijing-Harbin Expressway.

All 221 ballastless box girders along the second section have now been completed, laying a solid foundation for track laying.

The 148.74-km intercity railway linking Beijing and Tangshan, a port city in north China’s Hebei Province, is under construction with a design speed of 350 km per hour.

The Beijing-Tangshan intercity railway will have eight stations, and is a landmark project in promoting the coordinated development of the Beijing-Tianjin-Hebei region.
The route is expected to be put into operation in 2022.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.