ဂျီနီဗာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံသည် ဇွန် ၂၆ ရက်မှစ၍ COVID-19 ဆောင်ရွက်ချက်များစွာကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး သိသာထင်ရှားစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဇွန် ၂၃ ရက်က ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၃၀)ကျော်ရှိရာ အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်သူဦးရေ အဆိုပါ ကိန်းဂဏန်း အရေအတွက်ကို ကျော်ခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။
ပြုံယမ်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ ဇွန် ၂၃ ရက်ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး Ri Son Gwon က မြောက်ကိုရီးယားနိုင်ငံအနေဖြင အမေရိကန်နိုင်ငံ နှင့် မည်သည့်အဓိပ္ပါယ် မှ မရှိသည့် တွေ့ဆုံမှုမျိုးပြုလုပ်ရန် ့် မည်သည့်အခါမှ...
အစ္စလာမ်မာဘတ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ လူနေအဆောက်အဦတစ်လုံးတွင် ဇွန် ၂၃ ရက်က ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြား၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Usman Buzdar က အတည်ပြုပြောကြားခဲ့သည်။
အဘိစ်ဂျန် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ မှ အိုင်ဗရီကို့စ်နိုင်ငံ အစိုးရအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဇွန် ၂၃ ရက်က အိုင်ဗရီကို့စ်နိုင်ငံ စီးပွားရေးမြို့တော် အစ်ဘိဂျန် သို့ရောက်ရှိလာသည်။ အိုင်ဗရီကို့စ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ကျန်းမာရေးအာမခံမှုဝန်ကြီးဌာန...
မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြောက်ဘက်၌ အသစ်ဝယ်ယူထားသော S-70i Black Hawk ဘက်စုံသုံးရဟတ်ယာဉ်များထဲမှ တစ်စင်းသည် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အမှုထမ်း ၆ ဦး သေဆုံးကြောင်း ဖိလစ်ပိုင်လေတပ်(PAF)က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) “ရပ်ဝန်းနှင့်ပိုးလမ်းမ” အာရှပစိဖိတ်ဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၃ ရက်တွင် ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)
ဟူစတန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်သည် ဆေးရုံ၏ စည်းမျဉ်းဖြစ်သော မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ခဲ့သည့်အတွက် အလုပ်မှနုတ်ထွက် သို့မဟုတ် အလုပ်ထုတ်ခံရခြင်း များ ကြုံတွေ့ခဲ့ရကြောင်း မီဒီယာက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ယွီချင့်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျွန်းရီမြို့ ယွီချင့်ခရိုင်အတွင်းရှိ ဝူးကျန်းမြစ် ကုဖီထန်ရေအားလျှပ်စစ်စီမံကိန်း၏ ရေကြောင်းသွားလာရေးလုပ်ငန်းကို ဇွန် ၂၂ ရက်တွင် စတင် စမ်းသပ် လည်ပတ်ခဲ့ကြောင်း သိရသည်။