Connect with us

CHINA

တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများ အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန် သို့ ရောက်ရှိ

အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၃ ရက်၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

အဘိစ်ဂျန် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ မှ အိုင်ဗရီကို့စ်နိုင်ငံ အစိုးရအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ဇွန် ၂၃ ရက်က အိုင်ဗရီကို့စ်နိုင်ငံ စီးပွားရေးမြို့တော် အစ်ဘိဂျန် သို့ရောက်ရှိလာသည်။ အိုင်ဗရီကို့စ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့ကျန်းမာရေးအာမခံမှုဝန်ကြီးဌာန ဝန်ကြီး Pierre DIMBA နှင့် အိုင်ဗရီကို့စ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်လီ တို့က အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ကျင်းပပြုလုပ်သည့် ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ဝန်ကြီး Pierre DIMBA က အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အိုင်ဗရီကို့စ်နိုင်ငံ အစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း အား ပိုမိုမြန်ဆန်အောင် တွန်းအားပေးဆောင်ရွက်နေပြီး သိမ်းဆည်းထားသည့် ကာကွယ်ဆေးများမှာလည်း အခြေခံအားဖြင့် အသုံးပြု၍ ကုန်သွားပြီးဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ မှ ကာကွယ်ဆေး ကူညီထောက်ပံ့ပေးခဲ့ခြင်းသည် အချိန်မီရွာသွန်းပေးလိုက်သည့် မိုးသဖွယ်ဖြစ်ပြီး အိုင်ဗရီကို့စ် နှင့် တရုတ် နိုင်ငံအကြား ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွသည့်အောင်မြင်မှုအသစ်တစ်ခုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးခဲ့သည့် ကာကွယ်ဆေးများသည် အိုင်ဗရီကို့စ်နိုင်ငံ ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်း တည်ငြိမ်စွာ ရှေ့ဆက်ဆောင်ရွက်ရန် အထောက်အကူဖြစ်စေခဲ့သည့် အတွက် အိုင်ဗရီကို့စ်နိုင်ငံ က တရုတ်နိုင်ငံအား နက်ရှိုင်းစွာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၃ ရက်၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၃ ရက်၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၃ ရက်၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

အိုင်ဗရီကို့စ်နိုင်ငံ အဘိစ်ဂျန်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၃ ရက်၌ တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများအား သယ်ယူနေကြစဉ်(ဆင်ဟွာ)

ထို့ပြင် Pierre DIMBA က တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးခဲ့သည့် Sinopharm ကာကွယ်ဆေးများသည် လုံခြုံမှု နှင့် ထိရောက်မှုရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်း ၊ အိုင်ဗရီကို့စ်နိုင်ငံအနေဖြင့် မကြာမီရက်ပိုင်းအတွင်း ပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးကို ထိရောက်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသံအမတ်ကြီး ဝမ်လီ က COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံ နှင့် အိုင်ဗရီကို့စ်နိုင်ငံ တို့သည် အပြန်အလှန်စောင့်ရှောက်ကူညီခဲ့ကြပြီး အပြန်အလှန် ထောက်ခံအားပေးခဲ့ကြကြောင်း ၊ ယခုအကြိမ် တရုတ်နိုင်ငံအစိုးရ မှ အိုင်ဗရီကို့စ်နိုင်ငံ အား ကာကွယ်ဆေးများ ကူညီထောက်ပံ့ပေးခြင်းသည် နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရေး နှင့် စည်းလုံးညီညွတ်စွာ အပြန်အလှန်ကူညီမှုကို ပေါ်လွင်စေခဲ့ပြီး ကူညီထောက်ပံ့ပေးခဲ့သည့် ကာကွယ်ဆေးများက အိုင်ဗရီကို့စ်နိုင်ငံပြည်သူလူထု ကပ်ရောဂါတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေရန် မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အိုင်ဗရီကို့စ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးတို့အတွက် ဆက်လက်၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီ နှစ်နိုင်ငံ အများပြည်သူကျန်းမာရေး စသည့် ကဏ္ဍများတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားလိုကာ နှစ်နိုင်ငံချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးအား ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၃ ရက်အချိန်ထိ အိုင်ဗရီကို့စ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၈,၀၅၈ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၃၀၉ ဦးရှိကြောင်း ၊ အိုင်ဗရီကို့စ်နိုင်ငံ အစိုးရ က မတ် ၁ ရက်၌ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၂ ရက်အချိန်ထိ ပြည်သူများအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေ ၇၃၅,၆၇၇ ကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)

(国际疫情)中国援助科特迪瓦新冠疫苗运抵阿比让

新华社阿比让6月23日电(记者郑扬子)中国政府向科特迪瓦政府援助的新冠疫苗23日运抵科经济首都阿比让。科健康、公共卫生与全民医疗保险部长皮埃尔•丹巴、中国驻科大使万黎等出席在阿比让国际机场举行的交接仪式。

丹巴在致辞中说,科政府正加快推进新冠疫苗接种工作,库存疫苗基本用完。中方援助的疫苗如同“及时雨”,是科中友好合作的又一积极成果,有助于科特迪瓦疫苗接种计划稳步推进,科方对此表示衷心感谢。

丹巴表示,此次中方援助的中国国药疫苗安全有效,已获得世界卫生组织紧急使用授权,科方将于近期组织民众接种,确保疫苗得到有效利用。
万黎说,新冠疫情发生以来,中科守望相助,相互支持。此次中国政府向科政府提供疫苗援助再次体现了两国传统友谊和团结互助,希望这批疫苗能为科民众战胜疫情提供有力帮助。中方将继续为科方抗击疫情和复苏经济提供助力,愿继续加强两国公共卫生等各领域合作,推动中科友好合作关系不断迈上新台阶。

截至23日,科特迪瓦累计新冠确诊病例48058例,累计死亡病例309例。科特迪瓦3月1日启动新冠疫苗接种工作。截至6月22日,科政府已为民众接种735677剂新冠疫苗。(完)

Photo
1. 6月23日,在科特迪瓦阿比让国际机场,中国援助的新冠疫苗从飞机上卸下。新华社记者郑扬子摄
2. 6月23日,在科特迪瓦阿比让国际机场,中国援助的新冠疫苗从飞机上卸下。新华社记者郑扬子摄
3. 6月23日,在科特迪瓦阿比让国际机场,中国援助的新冠疫苗从飞机上卸下。新华社记者郑扬子摄
4. 6月23日,在科特迪瓦阿比让国际机场,中国援助的新冠疫苗从飞机上卸下。新华社记者郑扬子摄
5. 6月23日,在科特迪瓦阿比让国际机场,中国援助的新冠疫苗从飞机上卸下。新华社记者郑扬子摄