Connect with us

Politics, Law & Military

အာရှပစိဖိတ်သည် ဖွံ့ဖြိုးတိုးတက်ရေး၏ပူးပေါင်းဆောင်ရွက်သည့် နေရာဖြစ်သင့်ပြီး ပထဝီနိုင်ငံရေး စစ်တုရင်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

ပေကျင်းမြို့ "ရပ်ဝန်းနှင့်ပိုးလမ်းမ" အာရှပစိဖိတ်ဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးတက်ရောက်နေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

“ရပ်ဝန်းနှင့်ပိုးလမ်းမ” အာရှပစိဖိတ်ဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၃ ရက်တွင် ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် ဝမ်ရိက အာရှပစိဖိတ်ဒေသသည် ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းအမြန်ဆုံး၊ အလားအလာအရှိဆုံး၊ ပူးပေါင်းဆောင်ရွက်ရေးတွင် တက်ကြွမှုအရှိဆုံးဒေသ ဖြစ်ကြရာ ကမ္ဘာ့လူဦးရေ (၆၀)ရာခိုင်နှုန်းနှင့် (၇၀)ရာခိုင်နှုန်း၏ GDPရှိပြီး ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှုန်း၏ သုံးပုံနှစ်ပုံကျော်ကို အကျိုးဆောင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေး လုပ်ငန်းစဉ်များတွင် ပိုမိုအရေးပါသည့် ကဏ္ဍ၌ ပါဝင်လာကြောင်း ပြောကြားခဲ့သည်။ အာရှပစိဖိတ်ဒေသသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် နေရာ ဖြစ်သင့်ပြီး ပထဝီနိုင်ငံရေး၏ စစ်တုရင်မဟုတ်ကြောင်း ၊ အာရှပစိဖိတ်ဒေသ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်သည့်အခြေအနေသည် ဒေသတွင်းနိုင်ငံများ အတူ တန်ဖိုးထားဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာရှပစိဖိတ်နိုင်ငံများသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့ဆောင်သူ၊ အကျိုးပြုသူ၊ စံနမူနာပြသူ လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာရှပစိဖိတ် နိုင်ငံအသီးသီးနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားလိုရာ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အာရှပစိဖိတ်၏နည်းလမ်း၊ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်ရေးအတွက် အာရှပစိဖိတ်၏အင်အားသစ်၊ ကမ္ဘာ့စီးပွားရေး ရေရှည်ပြန်လည်ထူထောင်ရေးအတွက် အာရှပစိဖိတ်၏ ယုံကြည်ချက် ၊ အာရှပစိဖိတ် အေးတူပူအမျှအသိုက်အဝန်းနှင့် လူသားမျိုးနွယ်တို့၏အေးတူပူအမျှအသိုက်အဝန်းအတွက် ပို၍ ကြီးမားသည့်အကျိုးကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

———————————————
(Chinese Version)

王毅:亚太应是发展合作的高地,不是地缘政治的棋局

新华社北京6月23日电国务委员兼外长王毅23日主持“一带一路”亚太区域国际合作高级别视频会议。
王毅表示,亚太地区作为全球发展速度最快、潜力最大、合作最活跃的区域,拥有全球60%的人口和70%的GDP,为世界贡献了超过三分之二的增长率,在全球抗疫和经济复苏进程中发挥着越来越重要的作用。亚太地区应当是发展合作的高地,而不是地缘政治的棋局,亚太稳定繁荣的大好局面值得地区国家共同珍惜。

王毅表示,亚太国家也是“一带一路”国际合作的先行者、贡献者、示范者。中方愿与亚太各国推动“一带一路”高质量发展,为全球抗疫提供亚太方案,为全球互联互通注入亚太活力,为世界经济可持续复苏传递亚太信心,为构建亚太命运共同体和人类命运共同体作出更大贡献。(完)

图说:6月23日,国务委员兼外长王毅在北京主持“一带一路”亚太区域国际合作高级别视频会议。新华社记者 李响 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.