ရှီအန်း၊မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်မြို့တော် ရှီအန်းမြို့(Xi’an)၌ မေ ၁၅ ရက် (စနေနေ့) တွင် ပြီးဆုံးသွားခဲ့သည့် ပဉ္စမကြိမ်မြောက် ပိုးလမ်းမနိုင်ငံတကာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁၅၈.၃ ဘီလီယံ(တရုတ်ယွမ် ၂၄.၆ဘီလီယံ) တန်ဖိုးရှိ ရင်နှီးမြှုပ်နှံမှုများအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာ ဆန်းရွှင်ကုမ္ပဏီလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများအား ယနေ့(မေ ၁၆ ရက်)၌ ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းထံမှ သိရသည်။
တိုကျို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Hokkaido ဟော့ကိုင်းဒိုးစီရင်စု၌ ယနေ့ မေ ၁၆ ရက်တွင် ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ထံမှ သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုး ဘိုင်ဒန်က မေ ၁၅ ရက်တွင် အစ္စရေး နှင့် ပါလက်စတိုင်း ခေါင်းဆောင်တို့နှင့် သီးခြားစီဖုန်းဆက်သွယ်၍ ပါလက်စတိုင်း-အစ္စရေး နှစ်ဘက်အကြား ဆက်လက် ဖြစ်သွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုလံဘို ၊ မေ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ကြီးမားသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ၄၂,၀၀၀ ကျော်မှာ ဘေးသင့်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ(DMC)၏ မေ ၁၅ ရက်တွင် နောက်ဆုံးထုတ်ပြန်သော...
နယူးဒေလီ၊ မေ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ၌ COVID-19 ဖြစ်ပွားသူအရေအတွက်သည် ပြီးခဲ့သည့် သောကြာနေ့တွင် ၂၄ သန်းကျော်လာခဲ့ပြီဖြစ်သည်။နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆေးရုံများတွင် အောက်ဆီဂျင် ပြတ်လတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် COVID-19 ကူးစက်ခံရမှု အရေအတွက် ပိုမိုတိုးပွားလာခဲ့သည်။ အနောက်ဘက်ပြည်နယ်တစ်ခုဖြစ်သည့် ဂိုအာပြည်နယ်ရှိ အစိုးရဆေးရုံတစ်ခုတွင်...
မော်စကို၊မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ အခြေခံအာကာသစူးစမ်းလေ့လာရေးအစီအစဉ်၏ “ မဟာအောင်ပွဲတစ်ခု” ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် အာကာသပူးပေါင်းဆောင်ရွက်မှု (Roscosmos) အကြီးအကဲ Dmitry Rogozin က မေ ၁၅ ရက်တွင် ချီးကျူးစကားဆိုခဲ့သည်။
ကန်းစု၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်လန်ကျိုးမြို့အရှေ့ဘက် ကီလိုမီတာ ၂၀အကွာတွင် သံနှင့် သံမဏိထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် JISCO Yuzhong Iron and Steel Co., Ltd., တည်ရှိသည်။ ၎င်းကုမ္ပဏီသည် သံနှင့် သံမဏိ စွန့်ပစ် ပစ္စည်းများအား အပြည့်အဝအသုံးပြုပြီး...
ရီယိုဒီဂျနေးရိုး၊ မေ ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၂,၃၈၃ ဦး ရှိခဲ့သဖြင့် မေ ၁၃ ရက်တွင် ကပ်ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၄၃၀,၄၁၇ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ဂါဇာ၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် ပါလက်စတိုင်းပြည်သူ အရေအတွက်မှာ မေ ၁၃ ရက်၌ ၁၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။