Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏ မြင့်တက်

ပေကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏသည် တည်ငြိမ်စွာတိုးပွားလာခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ဧပြီလကုန်အထိ တရုတ်နိုင်ငံ၏ တပ်ဆင်ထားသော စွမ်းအင်ထုတ်လုပ်မှုပမာဏသည် စုစုပေါင်း ၂ ဒသမ ၂၃ ဘီလီယံ ကီလိုဝပ်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အချက်အလက်တွင် ဖော်ပြထားသည်။

လေအား နှင့် နေရောင်ခြည်စွမ်းအင်ထုတ်နေရာများတွင် ပမာဏသည် ကီလိုဝပ် သန်း ၂၉၀ ကီနှင့် ကီလိုဝပ် သန်း ၂၆၀ အသီးသီး ရှိလာခဲ့ပြီး ၃၄ ဒသမ ၆ ရာခိုင်နှုန်း နှင့် ၂၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ‌လျှော့ချသည့် စီးပွားရေးသို့ ကူးပြောင်းနေချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးရေးတွင် ရှေ့သို့တက်လှမ်းနေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု တိုက်ဖျက်ရေးကိုအမြင့်ဆုံးလုပ်ဆောင်သွားရန် နှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လုပ်မှုများ နောက်ဆုံး သုည အထိရောက်ရှိရန်ကြိုးစားသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ (Xinhua)
#China #renewable #energy #တရုတ်နိုင်ငံ #ပြန်လည်ပြည့်ဖြိုးမြဲ #စွမ်းအင် #ဆင်ဟွာ #xinhua #Myanmar #xinhuamyanmar

—————————————————-
(English Version)

China’s renewable energy capacity rises

BEIJING, May 22 (Xinhua) — China saw steady growth in renewable energy capacity in the first four months of the year, data from the National Energy Administration showed.

As of the end of April, the country’s installed power generation capacity totaled 2.23 billion kilowatts, increasing 9.5 percent year on year, the data showed.

Wind and solar farms saw capacity reach 290 million kilowatts and 260 million kilowatts, respectively, up 34.6 percent and 24.3 percent.

China is forging ahead in renewable energy development amid its transition to a low-carbon economy.
The country has announced that it would strive to peak carbon dioxide emissions by 2030 and achieve carbon neutrality by 2060. Enditem