Connect with us

North America

Google က ဗီဒီယိုခေါ်ဆိုခြင်း နည်းပညာသစ် တီထွင်၊ ပြောဆိုချိန်၌ ရုပ်ပုံမှာ ပိုမိုသက်ဝင်လှုပ်ရှားမည်ဟု သိရ

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Google ကုမ္ပဏီ က လတ်တလောရက်ပိုင်းအတွင်း နှစ်စဉ်တီထွင်ထုတ်လုပ်သူများ ညီလာခံ ကျင်းပပြုလုပ်ခဲ့ရာတွင် ကုမ္ပဏီအနေဖြင့် မျက်စိဖြင့်ပင် 3D အစွမ်းသတ္တိ ကို ခံစားစေနိုင်မည့်ရုပ်ပုံထုတ်လွှင့်မှု နည်းပညာတစ်မျိုးအား တီထွင်ထုတ်လုပ်နေပြီး ဗီဒီယိုဖုန်းခေါ်ဆိုမှု ဆက်သွယ်ရေးကွန်ရက်တွင် အဝေးရောက် ဆွေမျိုးမိတ်ဆွေများအား မျက်စိရှေ့၌ တွေ့မြင်ရသကဲ့သို့ ဖော်ဆောင်သွားနိုင်ရန် မျှော်လင့်ထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။Google ကုမ္ပဏီ ၏ Starline စီမံကိန်း ဟု အမည်သတ်မှတ်ထားသည့် နည်းပညာသည် အထူးရုပ်ပုံထုတ်လွှင့်စက်ဖြင့် လူတစ်ဦးအစစ်ကဲ့သို့ အရွယ်အစား တူညီသည့် 3D ရုပ်လုံးကို ပေါ်ဖော်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ကြည့်ရှုသူအနေဖြင့် မည်သည့် ကိရိယာ မှ တပ်ဆင်ရန် မလိုအပ်ဘဲ Depth of field (DOF) အစွမ်းရှိသည့် ဗီဒီယိုခေါ်ဆိုသူ၏ ရုပ်ပုံကို မြင်တွေ့သွားနိုင်မည်ဖြစ်ကာ တစ်ဖက်သူ၏ ရုပ်ပုံအား သက်ဝင်လှုပ်ရှားစွာ မြင်တွေ့စေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်တွင် လူများသည် မဖြစ်မနေ ဗီဒီယိုခေါ်ယူမှု ဆော့ဝဲများကို အသုံးပြုလာခဲ့ရသည်။ Google ကုမ္ပဏီ ၏ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Steve Seitz က အဆိုပါနည်းပညာသစ်၏ မိတ်ဆက်ဗီဒီယိုတွင် မိမိတို့အနေဖြင့် လူများ အတူတကွနေထိုင်လိုသော်လည်း မနေနိုင်သည့် အခက်အခဲကို ယခုနည်းပညာဖြင့် ဖြေရှင်းသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Steve Seitz က ဗီဒီယိုခေါ်ဆိုမှုတွင် လက်တွေ့လူချင်းတွေ့ဆုံပြောကြားနေသကဲ့သို့ အစွမ်းသတ္တိ ရရှိနိုင်ရန်အတွက် စွမ်းဆောင်ရည်များစွာလိုအပ်ကြောင်း ၊ ပထမတစ်ချက်အနေဖြင့် လူရုပ်ပုံအား 3D ပုံဖော်တည်ဆောက်နိုင်မှုစွမ်းရည်ဖြစ်ကြောင်း ၊ ဒုတိယအချက်အနေဖြင့် အချက်အလက်အား အွန်လိုင်းမှ ပို့ဆောင်နိုင်မှုစွမ်းရည်ဖြစ်ကြောင်း ၊ တတိယအချက်အနေဖြင့် 3D ပုံဖော်ပေးနိုင်သောစက် မှ ဆက်သွယ်ပြောဆိုနေသူ၏ ရုပ်ပုံကို ပုံဖော်နိုင်သော Rendering capability ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိချိန်တွင် ယင်းနည်းပညာမှာ တီထွင်ထုတ်လုပ်နေသည့် အဆင့်တွင်သာ ရှိနေသေးပြီး Google ကုမ္ပဏီ အနေဖြင့် မည်သည့် အချိန်တွင် ယင်းနည်းပညာအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးသွားမည် ကို ကြေညာထားခြင်းမရှိသေးကြောင်း သိရှိရသည်။

ယခုနှစ်၏ Google တီထွင်သူများ ညီလာခံကို အမေရိကန်နိုင်ငံ ဒေသစံတော်ချိန် မေလ ၁၈ ရက် မှ ၂၀ ရက်အထိ အွန်လိုင်း မှတစ်ဆင့်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းညီလာခံ သည် Google ကုမ္ပဏီ ၏ နှစ်စဉ်ကျင်းပလေ့ရှိသော အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ကာ ယခင်နှစ်က ကပ်ရောဂါကြောင့် ကျင်းပရန် ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။ (Xinhua)
—————————————————-
(Chinese Version)

(科技)谷歌研发视频通话新技术 让聊天对象更逼真

新华社北京5月22日电美国谷歌公司在近日召开的年度开发者大会上宣布,正在研发一项具有裸眼三维效果的显示器技术,有望实现全息网络视频通话,让远方亲友仿佛近在眼前。

谷歌公司说,这一名为“Starline项目”的技术可通过特殊显示器呈现出同真人一样大小的三维立体图像,裸眼就可以看到具有景深效果的聊天对象影像,对方形象将因此更加栩栩如生。

新冠疫情迫使全球很多人不得不通过远程视频通讯软件沟通。谷歌公司工程师史蒂夫•塞茨在这一新技术的宣传视频中说,他们希望用技术来解决人们“想在一起却不能在一起”的困扰。

他说,要让视频通话实现“就像和人面对面聊天”的效果,这一系统需要具备多种能力:一是对人物影像进行三维建模的能力, 二是数据压缩并通过网络有效传输的能力,三是让人可以通过三维显示器看到“聊天对象”的图像渲染能力。
目前这一技术还在研发中。谷歌公司没有公布将这项技术投入市场的时间。
今年的谷歌开发者大会于美国当地时间5月18日至20日在线举行。这是谷歌公司每年的重要活动,去年由于疫情而暂停。(完)

Photo
这是2019年5月8日在美国加利福尼亚州芒廷维尤拍摄的谷歌标志。新华社/路透