ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါအခြေအနေဆိုးဝါးလာခြင်းသည် ၎င်းနိုင်ငံ၏စီးပွားရေးပြန်လည် နိုးထမှုကို နှောင့်နှေးစေရုံသာမက တစ်ကမ္ဘာလုံးရှိ လုပ်ငန်းစုံ၏ ထောက်ပို့ရေးကဏ္ဍကို သက်ရောက်မှုရှိစေမည်ဖြစ်သည်။
ခတ္တမန္ဒူ၊ မေ ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံရှိ မိသားစုတစ်ခုတည်းမှ ညီအစ်မသုံးဦးသည် ချိုမိုလန်းမားတောင်ထိပ်ပေါ်သို့ မေ ၁၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ခြေချနိုင်ခဲ့သည့် ပထမဆုံး သွေးသားရင်းချာညီအစ်မများ ဖြစ်လာခဲ့ကြောင်း ၎င်းတို့၏ လေ့လာရေးခရီးစဉ်ကို စီစဉ်ပေးသောကုမ္ပဏီ၏ ပြောကြာချက်အရ သိရသည်။
ဗစ်တိုးရီးယား၊ မေ ၁၂ ရက် (ဆင်ဟွာ) Sinopharm မှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ထိရောက်မှု ရှိကြောင်း ဆေးရှဲနိုင်ငံသမ္မတ Wavel Ramkalawan က မေ ၁၀ ရက်တွင်ပြောကြားသည်။
မော်စကို ၊ မေ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ အကြီးဆုံးပိုက်လိုင်းတစ်ခုအား မကြာသေးမီက ငွေညှစ်သည့်ဆော့ဖ်ဝဲလ်အမျိုးအစား( ransomware) ဖြင့် တိုက်ခိုက်ခံရမှု နှင့်ပတ်သက်၍ ရုရှားအနေဖြင့် လုပ်စရာအကြောင်းမရှိဟု ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန် ၊ မေ ၁၂ ရက် (ဆင်ဟွာ) မန်ယူ အသင်းသည် ပွဲထွက်ကစားသမား အခင်းအကျင်းများစွာ ပြောင်းလဲမှုဖြစ် မေ ၁၁ ရက်က အိမ်ကွင်း၌ Leicester City အသင်းအား ဧည့်ခံကစားခဲ့ရာ ၁ ဂိုး – ၂ ဂိုး ဖြင့် ရှုံးနိမ့်သွားသောကြောင့်...
ရှီးအန်း၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်စည်ဝန်ဆောင်မှုသည် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် မြှင့်တင်ပေးမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့သော ပဉ္စမအကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာကုန်စည်ပြပွဲမှ ထုတ်ပြန်သည့် သုံးနှစ်တာ လုပ်ငန်းအစီအစဉ်အရ သိရသည်။
ဂျီနီဗာ ၊ မေ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာအနှံ့တွင် အများအပြားအသုံးပြုနေသော တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးအား ဘေးကင်းမှု နှင့် ထိရောက်မှု နှစ်ခုလုံးအား ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကျန်းမာရေးထုတ်ကုန်များ လက်လှမ်းမီရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mariangela Simao ထံမှ သိရသည်။
ခတ္တမန္ဒူ ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အောက်စီဂျင်ဆလင်ဒါအိုးများ နှင့် အသက်ရှူစက်များ ပထမအကြိမ် တင်ပို့မှုသည် နီပေါနိုင်ငံသို့ မေ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး ယင်းမှာ နီပေါနိုင်ငံ၌ COVID-19 လူနာများအတွက် အောက်စီဂျင် မလုံလောက်မှုကို လျှော့ချရာတွင် အထောက်အကူပြုကြောင်း နီပေါနိုင်ငံ...
တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက COVID-19 အတွက် COV-Iran Barekat ဟု အမည်ပေးထားသော ပြည်တွင်းဖြစ် ကာကွယ်ဆေးကို မေ ၁၁ ရက်တွင် အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မနီလာ ၊ မေ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံအတွင်း အာဖရိကဝက်အပြင်းဖျား(African swine fever) ရောဂါ ဖြစ်ပွားမှု အခြေအနေသည် ဆက်လက် ပြန့်ပွားလာသောကြောင့် ဖိလစ်ပိုင်နိုင်ငံသည် အချိန်ကာလ တစ်နှစ်ကြာမြင့်သည့် တစ်နိုင်ငံလုံး ဘေးဒုက္ခအခြေအနေဝင်ရောက်ကြောင်း သမ္မတရုံးက မေ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။